ချစ်ပရိတ်သတ်ကြီးရေ... ပရိတ်သတ်ကြီးတွေ ချစ်စနိုးနဲ့ ကစ်ကစ်လို့ ခေါ်ခေါ်နေတဲ့ မင်းသမီးလေး ဝတ်မှုန်ရွှေရည် ပရိတ်သတ်တွေရဲ့ အားပေးချစ်ခင်မှုကိုတစ်ခဲနက်ရရှိထားတဲ့သူလေးတစ်ယောက်ပါပဲနော်။ ဆေးစက်ကျရာ သရုပ်ပေါ်အောင် အချစ်အမုန်းအလွမ်းဇာတ်ရုပ်တွေကို ပီပီပြင်ပြင်နဲ့ သရုပ်ဆောင်နိုင်တဲ့အတွက်ပရိတ်သတ်တွေ သဘောတွေ့နှစ်သက်နေရတဲ့မင်းသမီးလေးတစ်လက်ပါပဲနော်။

ချစ်ဖို့ကောင်းတဲ့ အာရှသူမလေးတစ်ယာက်လည်းဖြစ်ပြီးတော့ အရမ်းကိုလှပလွန်းတဲ့ အသားအရည်ကြောင့် မင်းသမီးတွေကြားထဲမှာမှာထူးထူးခြားခြားနဲ့ ပရိတ်သတ်တွေရဲ့ အာရုံစိုက်အားပေးမှုကိုရထားသူလေးပါပဲနော်။ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာဆက်တိုက်လည်း သရုပ်ဆောင်နေရသလို ကြော်ငြာလေးတွေရိုက် ပွဲလေးတွေတက်နဲ့ ဆက်တိုက်ဆိုသလို မအားမလပ်ဖြစ်နေခဲ့ရပါတယ်နော်။

အခုတစ်ခါမှာလည်း သူမဟာ PAING PHYO THIHA TRADING Company ရဲ့ skincare နဲ့ Showroom ဖွင့်ပွဲကြီးကို အမိုက်စားအပြင်အဆင်လေးတွေနဲ့တက်ရောက်လာခဲ့ပါတယ်နော်။ မြင်သူငေးပြီး ငေးသူတွေကြွေစေလောက်တဲ့ ခပ်မိမိ မိုးပြာရောင်ဖက်ရှင်လေးကိုလိုက်ဖက်စွာဝတ်ဆင်ထားပြီးတော့ ပုရိသ ပရိတ်သတ်တွေရဲ့ နှလုံးသားကို ဖမ်းစားသိမ်းပိုက်သွားခဲ့ပြန်ပါတယ်နော်။ကဲ... ကြည့်ရင်းကြည့်ရင်း ရင်တွေခုန်ပြီး ကြွေဆင်းသွားရလောက်တဲ့ ရွှေကစ်လေးရဲ့ အမိုက်စားပွဲတက်ပုံရိပ်လေးတွေကို ချစ်ပရိတ်သတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source : Wutt Hmone Shwe Yi

Photo Crd : Amzing Grace

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။