မိတ်ကပ်မထက်ရဲ့အလှတရားဟာ သာမာန်အမျိုးသမီးတစ်ယောက်မယှဉ်နိုင်လောက် အောင်ထိကို ကျော့ရှင်းလွန်းနေတာတော့ အမှန်တကယ်ပါပဲ။ Trans Woman တစ်ယောက်ဖြစ်ပေမယ့် သူမရဲ့ နေပုံထိုင်ပုံ ပြောပုံဆိုပုံနဲ့ လှုပ်ရှားမှုတိုင်းဟာ တကယ့် အမျိုးသမီးတစ်ယောက်နဲ့မခြားတာမို့ သူမကို လိင်ပြောင်းခွဲစိတ်ထားသူဆိုတာ မေ့သယောင် ယောင်တောင် ဖြစ်ချင်စရာပါ။ စကားပြောရင်လည်း ချစ်ဖို့ကောင်းပြီး ဆွဲဆောင်မှုရှိတဲ့ အပြုံးလေးတွေကလည်း ရင်ခုန်ချင်စရာတစ်မျိုးပေါ့။

ကိုယ်ကျွမ်းကျင်ရာ အလှအပဖန်တီးမှုကိုလည်းလုပ်ရင်း အနုပညာအလုပ်တွေကို လည်း သူမချစ်ရတဲ့ ဘဝတူသူငယ်ချင်းညီအမတွေနဲ့ ရိုက်ကူးထားတဲ့ဇာတ်ကားလေး တစ်ကားလည်းရှိခဲ့ပါသေးတယ်။ ဒီဇာတ်ကားလေးဟာ မကြာခင်မှာပရိသတ်တွေရှေ့ ကိုရောက်ရှိလာတော့မှာဖြစ်ပြီး သူမတို့လေးယောက်ရဲ့ တညီတညွတ်တည်း အတူတူ သရုပ်ဆောင်ထားတဲ့ ပုံရိပ်လေးတွေကိုတော့ အားလုံးကမြင်တွေ့ချင်နေကြတာအမှန်ပါပဲ။

မထက်တစ်ယောက် လူငယ်ဆန်ဆန်ဒီဇိုင်းလေးဝတ်ထားပြီး ရိုက်ကူးထားတဲ့သူမရဲ့ ရင်ခုန်ဖွယ်ရာ ပုံရိပ်တွေကို လူမှုကွန်ယက်မှာ ဝေမျှလိုက်ပြန်ပါပြီ ပရိသတ်ကြီးရေ။ အနီရောင် Hoodie အင်္ကျီလေးကို ဂျင်းဘောင်းဘီအရှည်နဲ့တွဲဖက်ဝတ်ဆင်ထားပြီး ချပ်ရပ်နေတဲ့ခန္ဓာကိုယ်လေးက တကယ့်ကိုကြျွေခင်စရာပါ။ ဆံနွယ်ရှည်တွေကို ဖြန့်ခင်း ထားပြီး လှချင်တိုင်းလှနေတဲ့ မထက်ရဲ့ ပုံရိပ်တွေကို ရှုစားလိုက်ပါဦးပရိသတ်ကြီးရေ။

Source - Ma Htet

Photo - Oak Kar Lay

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။