အဆိုတော်အိမ့်ချစ်တစ်ယောက် ငယ်စဉ်ကတည်းက Broken Family မှာ ကြီးပျင်းခဲ့ရ တာကြောင့် မေတ္တာတရားဆိုတာ သူမအတွက်တော့ အတော်လေးတန်ဖိုးကြီးမယ့်အရာ ဖြစ်မယ်ဆိုတာ အားလုံးလည်းခန့်မှန်းမိကြမှာပါ။ ပြီးခဲ့တဲ့ရက်ပိုင်းလောက်က ဆန်ဖရန် စစ္စကိုမှာသွားရောက်ဖျော်ဖြေရတဲ့ ပွဲလေးမှာဆိုရင် အဆိုတော်ဂျူဝယ်တို့နဲ့အတူတူ သွားခဲ့ရပြီးတစ်ယောက်နဲ့တစ်ယောက်လည်း အတော်လေးရင်းနှီးပွင့်လင်းခဲ့တဲ့ ပုံစံလေး တွေဟာ တကယ်ကိုကြည်နူးစရာပါ။

အသံအားကောင်းကောင်းနဲ့ ပရိသတ်တွေကိုဖမ်းစားတတ်ပြီး ချစ်စရာကောင်းလွန်းတဲ့ ညိုချောလေး အိမ့်ချစ်တစ်ယောက် ဒီနေ့မှာတော့ ဇွဲပြည့်နဲ့ ဂျူဝယ်တို့နှစ်ယောက်နဲ့ သူမရဲ့ကြားထဲမှာရှိတဲ့ သံယောဇဉ်အတိမ်အနက်လေးကို ပုံရိပ်လေးတွေနဲ့ဖော်ပြလိုက် တာပဲဖြစ်ပါတယ်။ သူမရဲ့မောင်ဖြစ်သူကိုလည်းအရမ်းချစ်ပြီး အမြဲတမ်း support ပေးနေတဲ့ အမကြီးအမိရာပီသသူတစ်ယောက်ပါ။

သူမရဲ့မောင်လေးအပြင်နောက်ထပ်ချစ်ခင်ရင်းနှီးရတဲ့ ဇွဲပြည့်နဲ့ ဂျူဝယ်တို့နှစ်ယောက် သားနဲ့အတူ ရိုက်ကူးထားတဲ့ပုံရိပ်လေးတွေကို " မောင်နှမ နှစ်ယောက် ထပ်ကောက်ရ တယ် နှစ်ယောက်လုံးအရမ်းချစ်စရာကောင်းပြီး စိတ်ကောင်းရှိကြတယ် ရိုးသားတယ် ပွင့်လင်းတယ် I’m proud to have you guys..!!! Love you soooo much " ဆိုပြီး တင်ထားတာပဲဖြစ်ပါတယ်။ ချစ်စရာလေးတွေနော်။

Photo - Eint Chit

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။