ယနေ့မနက်အစောပိုင်းကယှဉ်ပြိုင်ကစားခဲ့တဲ့ ကိုပါအမေရိကပြိုင်ပွဲရဲ့ နောက်ဆုံးဗိုလ်လုပွဲမှာတော့ အိမ်ရှင်ဘရာဇီးအသင်းဟာပီရူးအသင်းကို ဂိုးပြတ်အနိုင်ယူပြီး ချန်ပီယံဆုကို ဆွတ်ခူးသွားခဲ့ပါတယ်။ဘရာဇီးအသင်းဟာဒီပြိုင်ပွဲမှာတော့ ပွဲစဉ်တစ်လျောက် ရှုံးပွဲမရှိစံချိန်နဲ့ ဆုဖလားကြီးကိုဆွတ်ခူးခဲ့တာပါ။

ဘရာဇီးအသင်းဟာ ဒီပြိုင်ပွဲရဲ့နောက်ဆုံး ဗိုလ်လုပွဲကိုရောက်ရှိဖို့ ဆီမီးဖိုင်နယ်မှာ နာမည်ကျော် အာဂျင်တီးနားအသင်းကိုအကောင်းဆုံး အနိုင်ယူခဲ့ပြီး ရောက်ရှိလာတာပါ။ဒီနောက်ဆုံးဗိုလ်လုပွဲမှာလည်း ပီရူးအသင်းကို ဒီပြိုင်ပွဲမှာ ခြေစွမ်းတောက်လျောက်ပြနေတဲ့ Jesus ကပဲ ခြေစွမ်းပြ ဂိုးတွေသွင်းယူပြီး ဆုဖလားကြီးဆွတ်ခူးခဲ့တာပါ။

ဒီပွဲစဉ်ရဲ့ အဖွင့်ပွဲကိုတော့ ပထမပိုင်း ၁၅ မိနစ်မှာ Jesus ရဲ့ပံ့ပိုးမှုကနေ Everton ကဦးဆောင်ဂိုးသွင်းယူပေးခဲ့တာပါ။ဦးဆောင်ဂိုးပေးပြီးနောက်ပိုင်းမှာ ပီရူးအသင်းဟာခြေပဂိုးရဖို့ကစားခဲ့ပြီး ၄၄မိနစ်မှာ ပယ်နတီနဲ့ခြေပဂိုးတစ်ဂိုးရခဲ့ပါတယ်။ဒီပွဲစဉ်မှာ Jesus ကဘရာဇီးအသင်းအတွက်အကောင်းဆုံးခြေစွမ်းပြခဲ့ပြီး ပထမပိုင်းအချိန်ပိုမှာ သူကပဲဦးဆောင်ဂိုးသွင်းယူခဲ့ပါတယ်။ခြေစွမ်းတွေပြနေတဲ့ သူကတော့ မိနစ်၇၀မှာ ၂ဝါတစ်နီနဲ့အထုတ်ခံရပေမယ့်မိနစ်၉၀မှာဘရာဇီးအသင်းပယ်နတီရခဲ့ပြီး Richarlison ကအနိုင်ဂိုးသွင်းယူပေးခဲ့တာပါ။

SOURCE:Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။