ပရိသတ်ကြီးရေ မင်းသမီးချောလေး မိုးယုစံကတော့ သရုပ်ဆောင်အိုင်တင်ပိုင်းကိုလည်း ပိုင်နိုင်တိကျတဲ့အပြင် တပင်တိုင်မင်းသမီးအကကိုလည်း ကျွမ်းကျင်စွာကတတ်သူဖြစ်လို့ နှင်းဆီအဖွဲ့သားတွေထဲမှာလည်း တစ်ယောက်အပါအဝင်ဖြစ်ပါတယ်နော်။မိုးယုစံကတော့ အခုချိန်မှာဆိုရင် ချစ်စရာသားသားလေးတစ်ယောက်ရဲ့မိခင်ဖြစ်နေပြီဖြစ်လို့ သားသားလေးနားမှာနေရင်းဂရုတစိုက်ပြုစုနေတာကြောင့် အနုပညာအလုပ်တွေနဲ့တော့ နည်းနည်းအလှမ်းဝေးနေတာကိုတွေ့ရပါတယ်နော်။

မိုးယုကတော့ နောက်ပိုင်းမှာ အနုပညာအလုပ်တွေလည်း ဆက်လက်လုပ်ကိုင်ဦးမှာဖြစ်လို့ ပရိသတ်တွေကတော့ မိုးယုရဲ့အနုပညာလှုပ်ရှားမှုတွေကို စောင့်မျှော်နေကြတာဖြစ်ပါတယ်။မိုးယုရဲ့ချစ်ခင်ပွန်းကလည်း ဇနီးနဲ့သားအပေါ်ကို လိုလေသေးမရှိအောင်ထားပေးပြီး အမြဲကြင်နာယုယနေတာဖြစ်လို့ မိုးယုရဲ့မိသားစုဘဝလေးက သာယာအေးချမ်းပြီးပျော်ရွှင်စရာကောင်းလှပါတယ်နော်။

မိုးယုစံကတော့ အိမ်ထောင်ရှင်အမျိုးသမီး ကလေးတစ်ယောက်မိခင်တစ်ယောက်ဖြစ်ပေမယ့်လည်း သူမရဲ့လှပပျိုမျစ်နုနယ်မှုတွေက ဟိုးအရင်တုန်းကလိုပဲ အေးချမ်းစွာလှပနေဆဲဖြစ်ပါတယ်နော်။အခုဆိုရင်တော့ မိုးယုက သားသားတက်နေတဲ့ကျောင်းကPeople impact myanmar ပွဲလေးကိုလိုက်လာပြီး တစ်ကိုယ်တော်ရှိုးထုတ်နေတဲ့ ချစ်စရာပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်နော်။

Source:Moe Yu San

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။