ကြက်တောင်အားကစားကနေမြန်မာနိုင်ငံအတွက်ရွှေတံဆိပ်ဆုတွေဆုဖလားတွေယူပေးနေတဲ့ မြန်မာ့လက်ရွေးစင်ကြက်တောင်ကစားသမား သက်ထားသူဇာကတော့ အိုင်ဗရီကို့စ်နိုင်ငံမှာ ကျင်းပတဲ့ ပြိုင်ပွဲမှာလည်း ဆုဖလားဆွတ်ခူးနိုင်ခဲ့ပါတယ်။ဒီပြိုင်ပွဲမှာတော့သက်ထားသူဇာဟာကမ္ဘာ့အဆင့် အမြင့်မှာရှိနေတဲ့ ကစားသမားတွေကိုခက်ခက်ခဲခဲကစားပြီးမှ အောင်မြင်နိုင်ခဲ့တာပါ။

သက်ထားသူဇာဟာဒီပြိုင်ပွဲမှာ ပြိုင်ပွဲစတင်ကတည်းက ကစားသမားတိုင်းကိုခက်ခက်ခဲခဲကစားခဲ့ရတာဖြစ်ပါတယ်။သက်ထားသူဇာဟာဒီပြိုင်ပွဲမတိုင်ခင်ကလည်း ဘီနင်နိုင်ငံမှာကျင်းပတဲ့ပြိုင်ပွဲမှာလည်းဗိုလ်စွဲခဲ့တာဖြစ်ပါတယ်။ဒီနှစ်နိုင်ငံတစ်ကာပြိုင်ပွဲတိုင်းမှာတော့ သက်ထားသူဇာဟာ ပွဲတိုင်းမှာဗိုလ်စွဲပြီးနိုင်ငံတော်သီချင်းကို ကမ္ဘာ့အလယ်မှာ ဖွင့်ခွင့်ရအောင်ကြိုးစားပေးခဲ့တာဖြစ်ပါတယ်။

သက်ထားသူဇာဟာဒီပြိုင်ပွဲအပြီးမှာလည်း ဥရောပနိုင်ငံတစ်နိုင်ငံမှာ ပွဲတစ်ပွဲကစားဖို့ရှိနေသေးတာဖြစ်ပါတယ်။သူ့ရဲ့ကြိုးစားမှုတွေကြောင့်ကမ္ဘာ့အဆင့် ၁၀၀အတွင်းဝင်နိုင်ဖို့ရှိနေပြီး အိုလံပစ်ပြိုင်ပွဲလည်းဝင်ရောက်ယှဉ်ပြိုင်ရဖွယ်ရှိနေတာပါ။ပရိသတ်တွေလည်းသူ့ကိုအားပေးစကားတွေနဲ့ချီးကျးလိုက်ကြဖို့ ဆုယူတဲ့ပုံရိပ်လေးတွေကိုလည်းတင်ဆက်ပေးလိုက်ကပါတယ်။

SOURCE:Thae Thae

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။