ခုခေတ်မှာတော့ မရှိတော့တဲ့ ရှေးခေတ်တွေတုန်းက သေဒဏ်ပေးနည်းတွေက တော်တော်လေးကို ကြောက်ဖို့ကောင်းပါတယ်။ ခုဆိုရင်လဲ သမိုင်းတွေထဲက ကြောက်ဖို့အကောင်းဆုံးနဲ့ အဆိုးရွာဆုံး သေဒဏ်ပေးနည်းတွေကို ဖော်ပြသွားမှာဖြစ်ပါတယ်။ လွန်ခဲ့သောနှစ်ပေါင်းများစွာလောက်တုန်းက Europe နဲ့ Asia တို့မှာ သေဒဏ်ပေးခံရသူကို စောက်ထိုးထားကာ အပေါ်ကနေအောက်ကို လွှနဲ့ဖြတ်ချပါတယ်။ အဲ့လိုမျိုးစောက်ထိုးကျတာကြောင့် ခေါင်းထဲသွေးရောက်ပြီး ခံစားရဖို့အတွက် သတိရှိပြီး တော်တော်ရက်စက်တဲ့ သေဒဏ်ပေးနည်းတစ်ခုပါပဲ။ Europe ဒါမှမဟုတ် America မှာဆိုရင်တော့ သေဒဏ်ကျသူကို အပေါ်ကနေ ကျောက်တုံတွေတင်ပြီးရင်တင်ကာ မသေမချင်း တင်ပါတယ်။ အဲ့လိုနည်းမျိုးနဲ့တူတာကတော့ Asia နဲ့ Europe တို့မှာ ဆင်တွေနဲ့ သေဒဏ်ကျသူကို တက်နင်းတာပဲဖြစ်ပါတယ်။ 

အာရှများအသုံးများခဲ့တဲ့ သေဒဏ်ပေးနည်းကတော့ ဝါးပင်နဲ့ပေးတာဖြစ်ပါတယ်။ ဘယ်လိုလဲဆိုတော့ သေဒဏ်ကျသူကို ဝါးပင်ရဲ့အပေါ်မှာ အသေချည်ထားပါတယ်။ အပင်ရှည်မဲ့နေရာလောက်မှာပေါ့...ဘာလို့ချည်ထားလဲဆိုတော့ ဝါးပင်တွေက ၁ရက်မှာ ၁ပေလောက်ရှည်ထွက်တာကြောင့်ပဲဖြစ်ပါတယ်။ အဲ့တော့ လူက ဖြေးဖြေးလေးသေနေရပါတယ်။ ဂျပန်မှာဆိုရင်တော့ သူတို့ရဲ့သူရဲကောင်းတွေကို သေဒဏ်ပေးတဲ့အခါမှာ ဂုဏ်သိက္ခာရှိရှိ အသေခံခိုင်းတဲ့အနေနဲ့ ဗိုက်ကို ဓါးနဲ့ထိုးပြီး ဖြဲဖို့ ခွင့်ပြုပေးပါတယ်။ သူရဲကောင်းမဟုတ်တဲ့သူတွေတော့ လုပ်မရပါဘူး။ သူတို့ဓါးနဲ့ဗိုက်ကိုဖြဲလိုက်တာနဲ့ နောက်ကနေအဲ့သူရဲ့ သူငယ်ချင်းက ခေါင်းဖြတ်ဖို့ အသင့်ပါပဲ။  

Latin America မှာဆိုရင်တော့ ဆေးချတဲ့သူတွေကို သေဒဏ်ပေးနည်းက ထူးဆန်းပါတယ်။ ပုံမှာတော့ Necktie ကိုပဲပြထားပါတယ်...ဘယ်လိုလဲဆိုတော့ အဲ့သေဒဏ်ကျသူရဲ့ လျှာကို အဲ့ နက်ကတိုင်နဲ့ချည်ပြီးဆွဲထုတ်တားပဲဖြစ်ပါတယ်။ လျှာကိုမဖြတ်ပဲ ဆွဲထုတ်တာပဲဖြစ်ကာ ခန္ဓာကိုယ်ကိုတော့ သတိပေးတဲ့အနေနဲ့ ထားခဲ့လေ့ရှိပါတယ်။ Romans မှာဆိုရင်တော့ ပရိသတ်ကြီးသိတဲ့အတိုင်း သေဒဏ်ကျသူဟာ လက်ဝါးကပ်တိုင် သူကိုယ်တိုင်မရပြီး သတ်မှတ်ထားတဲ့နေရာထိ သွားရပါတယ်။ အဲ့နောက်မှာတော့ အဲ့လက်ဝါးကပ်တိုင်မှာ ခြေထောက်နဲ့လက်ကို သံတွေနဲ့ရိုက်ထားပြီး မသေမချင်ထားထားတာပဲဖြစ်ပါတယ်။ England မှာတော့ ပထမဆုံးပြောခဲ့တဲ့ လွှနဲ့ဖြတ်နည်းလိုပါပဲ...ဒါပေမဲ့ အဲလူကို သတ်မှတ်နေရာမရောက်မချင်းမြေကြီးပေါ်မှာ တရွတ်တိုက်ဆွဲခေါ်သွားပြီး မသေမချင်း တွဲလောင်ချိတ်ထားတာဖြစ်ပါတယ်။  

Source : List 25

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။