မိဘတွေအနေနဲ့ ကိုယ်ရဲ့ရင်သွေးလေးတွေကို အမြဲဂရုစိုက်နေကြတယ်ဆိုပေမယ့်လည်း တခါတရံမှာတော့ မထင်မှတ်ထားတဲ့ အခြေအနေလေးတစ်ခုကနေ ဘေးအန္တရာယ်တွေနဲ့ ကြုံတွေ့လာတတ်ကြပါတယ်။

ဒီလိုအခိုက်အတန့်မျိုးဟာ အရမ်းမြန်ဆန်လှတဲ့အတွက် မိဘတွေအနေနဲ့လည်း သားသမီးလေးတွေကို ကာကွယ်ဖို့ အရမ်းခက်ခဲလှပါတယ်။

ထို့အတူ သြစတြေးလျနိုင်ငံအတွင်းမှာဆိုရင်လည်း ကလေးငယ်လေးတစ်ယောက်ဟာ မိခင်ဖြစ်သူနဲ့အတူ ရထားပေါ်တက်ဖို့ ကြိုးစားရင်း လျှပ်တစ်ပြက်ဆိုသလို ရထားအောက်ထဲကို ပြုတ်ကျသွားတဲ့ ဖြစ်ရပ်လေးတစ်ခုဖြစ်ပွားခဲ့ပါတယ်။

ဒီဖြစ်ရပ်ကို မှတ်တမ်းတင်ထားနိုင်တဲ့ ဗီဒီယိုထဲမှာဆိုရင်လည်း ကလေးငယ်လေးဟာ ရထားပေါ်လှမ်းမတက်ခင်လေးဟာ ရထားနဲ့လမ်းဘေးဘောင်နဲ့ ကြားက ဟနေတဲ့ နေရာသေးသေးကနေ ရထားအောက်ထဲကို ပြုတ်ကျသွားခဲ့တာတွေ့ရပါတယ်။

အဲ့အချိန်မှာတော့ မိခင်ဖြစ်သူအမျိုးသမီးအနေနဲ့လည်း တုံ့ဆိုင်းမနေဘဲ သားလေးကိုကယ်တင်ဖို့ ကြိုးစားခဲ့သလို အနီးနားက လူတွေကလည်း ဝိုင်းဝန်းကယ်တင်ပေးခဲ့ကြတာတွေ့ရပါတယ်။

ကံကောင်းတာက ရထားဟာ ရပ်ထားတဲ့အချိန်ဖြစ်တာကြောင့် ကလေးငယ်လေးရဲ့ အသက်ကိုကယ်တင်လိုက်နိုင်ပေမယ့် အကယ်၍ အဲ့အချိန်မှာ ရထားသာ ထွက်သွားခဲ့မယ်ဆိုရင်တော့ ကလေးငယ်လေးရဲ့ အဖြစ်ဟာ တကယ့်ကို မတွေးဝံံ့စရာပါဘဲ ။

ပရိသတ်တွေလည်း ဒီဖြစ်ရပ်လေးကို မြင်တွေ့ပြီးသွားပြီဆိုရင် မိမိတို့ရဲ့ အသက်အရွယ်ငယ်သေးတဲ့ ရင်သွေးလေးတွေကို အရင်ကထက်ပိုဂရုစိုက်ပြီး အခုလိုအမှတ်မထင်ကနေထဖြစ်တဲ့ အန္တရာယ်လေးတွေကနေ ကင်းဝေနိုင်ပါစေဖို့ တောင်းဆုခြွေပေးလိုက်ရပါတယ်။ 

Source - ABC News

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။