အဆိုတော် အာဘွိုင်းနဲ့ သရုပ်ဆောင် မင်းသမီးချောလေး မြတ်ရတနာကျော်တို့ဇနီးမောင်နှံကတော့ သာယာအေးချမ်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတဲ့ စုံတွဲလေး ဖြစ်ပါတယ်။ အနုပညာရှင်စုံတွဲလေးတွေထဲမှာ ပရိသတ်တွေရဲ့အားကျချစ်ခင်မှုကို အများဆုံးရရှိထားတဲ့ အာဘွိုင်းတို့မိသားစုလေးက ချစ်ရတဲ့သမီးချောလေးနဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ နေ့ရက်လေးတွေကို အတူတကွ ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။

အာဘွိုင်းနဲ့ မြတ်ရတနာကျော်တို့ရဲ့ သမီးဦးလေးကိုတော့ ဖေဖေရဲ့နာမည်ပါအောင် Scarlett Phyo Tun လို့ ချစ်စနိုးအမည်ပေးထားတာ ဖြစ်ပါတယ်။ ဖေဖေနဲ့မေမေကလည်း တကယ့်ကို အချောလေးတွေဖြစ်ကြသလို သမီးလေးကလည်း ပန်းနုရောင်ပါးဖောင်းဖောင်းလေးတွေနဲ့ တကယ့်ကို ချစ်စရာလေး ဖြစ်ပါတယ်။ အခုလည်း အာဘွိုင်းက ကြည်နူးစရာကောင်းတဲ့ သူတို့မိသားစုလေးရဲ့မနက်ခင်းပုံရိပ်လေးတွေကို တင်ပေးထားပါတယ်။

အာဘွိုင်းက " Every morning is perfectly meaningful and beautiful with two of them " ဆိုပြီး ချစ်သမီးလေးနဲ့အတူ ပျော်ပျော်ရွှင်ရွှင်နဲ့ ဆော့ကစားနေတဲ့သူတို့မိသားစုရဲ့ပုံရိပ်လေးတွေကို တင်ထားတာပဲ ဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ အာဘွိုင်းတို့မိသားစုလေးကြည့်ပြီး ပရိသတ်တွေက ကြည်နူးပီတိတွေဖြစ်နေရမှာပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် သမီးလေးကိုချစ်မဝဖြစ်နေတဲ့ အာဘွိုင်းနဲ့ မြတ်ရတနာကျော်တို့မိသားစုလေးရဲ့ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Kyaw Phyo Tun & Myat Yadanar Kyaw;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။