သရုပ်ဆောင်စမိုင်းကတော့ အနပညာလောကရဲ့အောင်မြင်နေတဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး အောင်မြင်မှုပေါင်းများစွာကိုလဲ ရယူထားနိုင်သူဖြစ်ပါတယ်။ သူမကတော့ ချစ်စရာကောင်းတဲ့ မိသားစုလေးကိုပိုင်ဆိုင်ထားပြီး အလိုက်သိတတ်တဲ့ ယောကျာ်းကို ပိုင်ဆိုင်ထားသလို ချစ်စရာကောင်းလွန်းတဲ့ သမီးလေးနှစ်ယောက်ကို ရရှိထားပါတယ်။

သူမကတော့ ချစ်စရာကောင်းလွန်းတဲ့ သမီးလေးနှစ်ယောက်ကိုလဲ ပိုင်ဆိုင်ထားကာ အလိုက်သိတတ်တဲ့ ခင်ပွန်းကြောင့် အမြဲပျော်ရွှင်ရသူလေးပဲဖြစ်ပါတယ်။ယခုမှာတော့ စမိုင်းတို့ မိသားစုလေးဟာ တစ်ခြားသော ပြည်သူချစ်အနပညာရှင်တွေနဲ့အတူ အမေရိကကို ရောက်ရှိနေတာပဲ ဖြစ်ပြီး New Yorkမြို့အနှံလျှောက်လည်နေခဲ့တာပဲ ဖြစ်ပါတယ်။

ယနေ့မှာတော့ စမိုင်းတစ်ယောက် New Yorkမြို့အနှံလျှောက်လည်နေပြီး Jewel နဲ့ အိမ့်ချစ်လေးကို မချီပြပလိုက်ကာ အားသန်ကြောင်းပြလိုက်ပါတယ်။ စမိုင်းကတော့ " Jewel နဲ့ အိမ့်ချစ်လောက်ကတော့ကျမကအပျော့ပေါ့ ဦးအောင်ရင်တော့မပါဘူးပေါ့မနိုင်ဘူး "ဆိုပြီး လျှောက်လည်နေကြတဲ့ ပျော်ရွှင်စရာပုံရိပ်လေးနဲ့အတူ ရေးသားထားခဲ့ပါတယ်။

source: စမိုင်း

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။