ပရိသတ်ကြီးရေ သရုပ်ဆောင်တစ်ယောက်လည်းဖြစ်သလို အဆိုတော်တစ်ယောက်လည်းဖြစ်တဲ့ ဝိုင်းစုခိုင်သိန်းကတော့ အနုပညာလောကမှာ ပရိသတ်တွေတစ်ခဲနက်အားပေးမှုကို ရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်နော်။ဝိုင်းစုရဲ့ သီချင်းလေးတွေကလည်း ပရိသတ်တွေကြားမှာ အရမ်းရေပန်းစားပြီး ပရိသတ်တွေရဲ့ပါးစပ်ဖျားမှာ အမြဲတမ်းစွဲနေစေတဲ့ သီချင်းကောင်းလေးတွေဖြစ်ပါတယ်နော်။

ဝိုင်းစုရဲ့ လက်တလော အနုပညာလှုပ်ရှားမှုတွေကတော့ ဖိတ်ကြားတဲ့ပွဲအခမ်းအနားတွေကိုတက်ရောက်ပြီး တေးသီချင်းအသစ်လေးတွေကိုလည်း ဖန်တီးနေပါတယ်နော်။ဝိုင်းစုက အဆိုတော်အောင်လနဲ့လည်းမေတ္တာမျှနေကြပြီး ချစ်သူနှစ်ယောက်က ဝါသနာတူတွေဖြစ်ကြလို့ နေနဲ့လရွှေနဲ့မြလို့ အရမ်းလိုက်ဖက်ညီကာ ပရိသတ်တွေချစ်ခင်အားပေးရတဲ့ စုံတွဲလေးပဲဖြစ်ပါတယ်။

ဝိုင်းစုကတော့ နာမည်လေးနဲ့လိုက်အောင် မျက်နှာဝိုင်းဝိုင်းလေးနဲ့ အရုပ်လေးတစ်ရုပ်လို အရမ်းချစ်စရာကောင်းပြီး ရိုးရှင်းအေးဆေးစွာ နေထိုင်တတ်သူဖြစ်ပါတယ်နော်။အခုဆိုရင်တော့ ဝိုင်းစုရဲ့ ဆံပင်အတိုတုန်းက ပုံရိပ်လေးတွေကိုအမှတ်တရအနေနဲ့ လူမှုကွန်ယက်စာမျက်နှာမှာ တင်လိုက်ပြီး အရမ်းချစ်စရာကောင်းနေတဲ့ပုံလေးတွေကို ပရိသတ်ကြီးလည်းတွေ့မြင်ရအောင်လို့ မျှဝေပေးလိုက်ပါတယ်နော်။

Source:Wyne Su Khaing Thein

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။