နှင်းနဲ့ ရေခဲတွေကို တွေ့မြင်ဖို့ ပြည်တွင်း ခရီးသွားသူများစွာကတော့ ပြည်ပနိုင်ငံတွေကို အများဆုံးသွားရောက်လေ့ရှိပါတယ်။ နိုင်ငံတကာမှာ တွေ့မြင်နေရတဲ့ နှင်းတွေနဲ့ ရေခဲတွေကို ပြည်တွင်းတစ်ခုတည်းတွေ့မြင်နိုင်တဲ့ နေရာလေးတစ်ခုကချင်ပြည်နယ်မှာရှိနေကြောင်းသိရပါတယ်။ သာမာရွာတွေနဲ့မတူပဲ အေးချမ်းလွန်းပြီး ချစ်စရာကောင်းတဲ့ ပုံစံလေးတွေကို ပရိသတ်တွေလည်းတွေ့မြင်ရမှာပဲဖြစ်ပါတယ်။  

အဆိုပါ ရွာလေးကတော့ ကချင်ပြည်နယ် ခေါင်လန်ဖူးမြို့နယ်လေးပဲဖြစ်ပြီး နေရာအနှံ့အပြားမှာ ဖြူဖွေးအုံ့စိုင်းနေတဲ့ နှင်းခဲကြီးတွေနဲ့ အေးမြတဲ့ သဘာဝကြီးကိုတော့ အားလုံးတွေ့မြင်ရမှာပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ တစ်ခုတည်းရှိတဲ့ ရေခဲပြင်ရွာလေးဖြစ်တဲ့အပြင် မိုးရေထက် နှင်းကိုပိုမိုတွေ့မြင်ရမှာပဲဖြစ်ပါတယ်။ ရှားရှားပါးပါးရှိတဲ့ ကချင်ပြည်နယ်ရှိ ခေါင်လန်ဖူးမြို့လေးကတော့ ပြည်တွင်းခရီးသွားတွေကို ဆွဲဆောင်စေမှာအမှန်ပဲဖြစ်ပါတယ်။  

ခရီးထွက်ခြင်းကို စိတ်ဝင်စားသူတိုင်း၊ နှင်းတွေကြားမှာဆော့ကစားချင်သူတိုင်းအတွက် အဆင်ပြေနိုင်တဲ့ နေရာလေးတစ်ခုဖြစ်သလို မြန်မာနိုင်ငံရဲ့ တစ်ခုတည်းသော ရေခဲ့ပြင်ရွာလေးလည်း ဖြစ်ပါတယ်။ ပရိသတ်တွေမသိသေးတဲ့ ကချင်ပြည်နယ် ခေါင်လန်ဖူးမြို့ရှိ ရေခဲ့ပြင်ရွာလေးရဲ့ သဘာဝအလှပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်။

Photos - အထွေထွေဗဟုသုတ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။