ညီညီမောင် (စမ်းချောင်း) ဆိုတဲ့နာမည်နဲ့ မိတ်ကပ်လောကမှာ မသိသူမရှိလောက်အောင် အောင်မြင်ကျော်ကြားနေတဲ့ သူမကတော့ အားလုံးကချစ်ရတဲ့ Cele တစ်ဦးပဲ ဖြစ်ပါတယ်။ အခွီတလိုင်း ဟာသဗီဒီယိုလေးတွေကို အပျော်တမ်းရိုက်ကူးပြီး မကြာခဏ တင်ပေးလေ့ရှိတဲ့ သုသုက ပရိသတ်တွေကြားမှာ ရေပန်းစားနေသူလေးပဲ ဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာတော့ သုသုက မိတ်ကပ်ပညာရှင်အဖြစ်ရော သရုပ်ဆောင်အဖြစ်ပါ ရပ်တည်လာတာ တွေ့ရပါတယ်။

မကြာသေးခင်ကလည်း သုသုက ဝါရင့်သရုပ်ဆောင်တွေနဲ့အတူ " ကျားကျားကြိုက်ကြိုက်" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို လက်ခံရိုက်ကူးခဲ့ပါသေးတယ်။ အခုလက်ရှိမှာတော့ သုသုက ခရီးထွက်နေရင်း ကျောက်ပန်းတောင်းကို ရောက်ရှိခိုက်မှာ နာမည်ကြီး လက်ပံပျားကြက်ကြော်စားဖို့ ဟန်ပြင်ခဲ့ပါတယ်။ သုသုတစ်ယောက် ကားပေါ်ကနေ ကြက်ကြော်ဝယ်စားဖို့ မေးလိုက်တဲ့အခါမှာတော့ ကြက်ကြော်သည်ရဲ့စကားကြောင့် ချက်ချင်းလှည့်ထွက်ခဲ့ရပါတယ်။

ချစ်စရာကောင်းတဲ့ အမူအရာလေးနဲ့ အခွီတလိုင်းပုံစံလုပ်ပြထားတဲ့ ဒီဗီဒီယိုလေးကိုတော့ သုသုက " နာကျင်နေသော ချိမ " ဆိုပြီး တင်ထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကတော့ ဟာသတွေလုပ်တတ်လွန်းတဲ့ သုသုရဲ့ဗီဒီယိုလေးကိုကြည့်ပြီး သဘောကျအားပေးနေကြတာ တွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် လက်ပံပျား ကြက်ကြော်ရွာကဈေးသည်ရဲ့စကားကြောင့် ထိရှိသွားခဲ့ရတဲ့ သုသုရဲ့အခွီဗီဒီယိုလေးကို အောက်မှာတင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Nyi Nyi Maung;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။