ကျွန်တော်တို့ဟာ တဖြည်းဖြည်း အရွယ်ရောက်လာပီဆိုတာနဲ့ မိမိအသက်မွေး ဝမ်းကျောင်းနဲ့ပတ်သက်ပြီး သေချာရေရာတဲ့သူရှိသလို စမ်းတဝါးဝါး ဖြစ်နေတဲ့ သူတွေလည်းရှိပါတယ်။ လူငယ်အများစုမှာ ဒီလို အနာဂတ်နဲ့ပတ်ပသက်ပြီး မသေချာမရေရာတဲ့ ပြသာနာကို ကြုံတွေ့နေရကြကာ ကျွန်တော်ကိုယ်တိုင်လည်း အပါအဝင်ဖြစ်ခဲ့ပါတယ်။ ဒီလိုတွေ ဖြစ်လာခဲ့ရင်တော့ အကောင်းဆုံးအကြံပေးချင်တာ တစ်ခုပဲရှိပါတယ်။ ကိုယ်ဘာကို လုပ်ချင်တာလဲဆိုတာ အရင်သိအောင်လုပ်ဖို့ပါပဲ။ ငယ်ရွယ်တဲ့သူတွေ အတွက် ဒီအချိန် လေးဟာ အလွန်မှကို အရေးပါလှပြီး ဟင်းချက်သလိုပဲ မိမိခံတွင်းနဲ့ အစပ်အဟပ်တည့်မတည့် စမ်းသပ်လို့အကောင်းဆုံး အချိန်ပါ။ ဒီနေရာမှာ သတိပေးချင်တာ တစ်ခုကတော့ ဝါသနာနဲ့ ဝမ်းစာ ဟာ မတူညီဘူးဆိုတာပါပဲ။

တချို့သော ဝါသနာတွေဟာ မိမိဘဝရှေ့ရေးအတွက် ကောင်းမွန်စွာ အထောက်အပံ့ပေးနိုင်ပေမယ့်လည်း တချို့ဝါသနာတွေကတော့ တင်္ဒဂ စိတ်ထွက်ပေါက်ရတာမျိုးလောက်ပဲ ဖြစ်နေတတ်ပါတယ်။ ဒါ့ကြောင့် ဝါသနာနဲ့ ဝမ်းစာကို ကွဲပြားအောင် အရင်သုံးသပ်သင့်တယ်လို့ ထင်ပါတယ်။ ဒီနှစ်ခုကို သေချာ ခွဲခြားနိုင်ပီဆိုရင်တော့ မိမိအတွက် အထောက်အပံ့ဖြစ်စေမယ့် လမ်းကြောင်းတစ်ခု ကို သေချာပေါက်ရွေးချယ်နိုင်လိမ့်မယ်လို့ ထင်မြင်မိပါတယ်။ ရွေးချယ်လိုက်တဲ့ လမ်းကြောင်းနဲ့ပက်သတ်ပြီးတော့လည်း ဆုံးခန်းတိုင်အောင် လျှောက်သင့်ပါတယ်။ မိမိသဘောကျလို့ ရွေးချယ်လိုက်တဲ့ လမ်းကြောင်းဆိုပေမယ့်လည်း တခါတလေမှာ မျိုးစုံသော အကြောင်းအရာတွေကြုံရပီး ရှေ့ဆက်မလျှောက်ချင်တော့လောက်အောင် ယုံကြည်မှုတွေ ပျောက်သွားတဲ့ အချိန်တွေလည်း ရှိတတ်ပါတယ်။ ဒါပေမယ့်လည်း ဒီလိုကြုံတွေ့ရမယ့် အခက်အခဲတွေဟာ ဘဝက ကိုယ့်ကို စမ်းသပ်နေတယ်လို့ တွေးထားလိုက်မယ်ဆိုရင်တော့ ရင့်ကျက်တဲ့ လူသားတစ်ယောက်အဖြစ်နဲ့ အောင်မြင်တဲ့ ပန်းတိုင်ကို ကိုယ်တိုင်လမ်းဖောက်ပြီး လျှောက်လှမ်းနိုင်တဲ့ လူတစ်ယောက်ဖြစ်သွားမှာပါ...

အခုပြောပြနေတဲ့ အကြောင်းအရာတွေဟာ လွယ်လွယ်ကူကူလုပ်နိုင်မယ်လို့ ထင်ရပေမယ့်လည်း အများစုဟာ အခက်အခဲတွေကို မရင်ဆိုင်နိုင်ပဲ ယုံကြည်ချက် ပျောက်ဆုံးပြီး နောက်ပြန် တပ်ဆုတ်ခဲ့ကြတာများပါတယ်။ ကြုံတွေ့မယ့်အခက်အခဲတွေကို ခွန်အားအဖြစ်ပြောင်းလဲ ပစ်နိုင်တဲ့သူတွေမှသာ မိမိအလိုရှိတဲ့ ပန်းတိုင်ကို ရောက်ရှိနိုင်မှာပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဘယ်လိုအခက်အခဲမျိုးနဲ့ ကြုံတွေ့နေပါစေ ဘဝက သင့်ကို အကြိမ်တိုင်း စမ်းသပ်နေတယ်လို့သာ သဘောထားပြီး မဆုတ်မနစ်သောဇွဲလုံ့လတွေနဲ့ကြိုးစားကာ မိမိရဲ့အောင်လံကို ပန်းတိုင်နယ်မြေမှာ ကိုယ်တိုင်စိုက်ထူနိုင်တဲ့ သူတွေ ဖြစ်ပါစေလို့ ဆုတောင်း ပေးလိုက်ရပါတယ်။

Source : Yan Nyein

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။