အိမ်ရှင် အဖြစ် ကျင်းပတဲ့ ကိုပါအမေရိက ဖလားပြိုင်ပွဲမှာ ဘရာဇီးက ပီရူးကို ၃-၁ဂိုးနဲ့ နိုင်ပြီး ၂၀၀၇ နောက်ပိုင်း ပထမဆုံး ချန်ပီယံဆုကိုရယူနိုင်ခဲ့ပါတယ်။ ဘရာဇီးအသင်းရော ပီရူးအသင်းရော နှစ်သင်းစလုံး ဆီမီးဖိုင်နယ်ပွဲတုန်းက လူစာရင်းကို အသုံးပြုခဲ့တာပဲ ဖြစ်ပြီး အိမ်ရှင် ဘရာဇီၤးကတော့ ဒုတိယပိုင်းမှာ တစ်ယောက်လျော့နဲ့ နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

၂၀၀၇ခုနှစ်မှာ ကိုပါ အမေရိက ဖလားရပြီးနောက်ပိုင်း ၉ ကြိမ်မြောက် ချန်ပီယံ ဆုဖလားကို ဘရာဇီးတို့ ၁၂နှစ် အကြာမှာ ပြန်လည် ရယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ အဆိုပါပွဲ မှာ ငိုရမလိုလို ရယ်ရမလိုဖြစ်ခဲ့တဲ့ ကိစ္စတစ်ခုဖြစ်ပွားခဲ့တာပဲ ဖြစ်ပြီး အဆိုပါကိစ္စကို ဘရာဇီးအသင်းနဲ့ မန်စီးတီး တိုက်စစ်မှူးဂျီးဆပ်က အနီကတ်ပြသခံရကနေ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ဘရာဇီးအသင်းနဲ့ မန်စီးတီး တိုက်စစ်မှူးဂျီးဆပ်အနီကတ်ပြသခံရလို့ VARစက်ကြီးကို လက်သီးနဲ့ ထိုးခဲ့ပြီး ပွဲကြည့်ထက်မှာ ထိုင်ကာ ငိုကြွေးခဲ့တာပဲ ဖြစ်ပါတယ်။ တိုက်စစ်မှူးဂျီးဆပ်ဟာ စိတ်တိုပြီး VARစက်ကို တွန်းထိုးခဲ့ပေမယ့် ကွင်းကြည့်စင်ပေါ်ရောက်သောအခါ စကားတွေပြောပြီး ငိုကြွေးနေခဲ့တာက ပရိသတ်တွေကို ငိုအားထက် ရယ်အားသန်ခဲ့ရပါတယ်။

source: daily mail 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။