ဘောလုံးအားကစားကိုရူးသွပ်တဲ့ ပရိသတ်တွေဆိုတာနဲ့ကမ္ဘာ့အကောင်းဆုံးသွင်းဂိုးတွေကိုအလေးထားကြည့်ရှုအားပေးနေကြတာပါ။ကမ္ဘာကျော်တွေရဲ့အကောင်းဆုံးသွင်းဂိုးတွေကြောင့်လည်းပရိသတ်တွေအံ့သြခဲ့ရသလို နိုင်ငံအသီးသီးကကမ္ဘာမကျော်ပေမယ့် ကစားသမားတွေရဲ့အကောင်းဆုံးသွင်းဂိုးတွေကြောင့်လည်းကမ္ဘာကျော်သွားတာတွေရှိခဲ့ပါတယ်။

ခုရက်ပိုင်းမှာတော့ကွင်းလယ်မရောက်ခင်ကကန်သွင်းခဲ့တဲ့သွင်းဂိုးတွေများပြားပြီးပရိသတ်တွေကြားမှာချီးကျူးမှုတွေရှိနေတာပါ။ခုမှာလည်း ဂျပန်လိဒ်ပွဲစဉ်တစ်ခုရဲ့သွင်းဂိုးကြောင့် ကမ္ဘာအနှံ့ပြန့်သွားပြီးနိုင်ငံတစ်ကာမီဒီယာတွေကတောင်ချီးကျူးနေရတာပါ။အဆိုပါသွင်းဂိုးကြောင့်ကမ္ဘာအနှံ့မှာအာရှသားတွေရဲ့စကေးတွေကိုလည်းချပြနိုင်ခဲ့ပါပြီ။

ဒီဂိုးကလည်းကမ္ဘာ့အကောင်းဆုံးဂိုးတွေထဲကတစ်ဂိုးအဖြစ်မှတ်တမ်းဝင်သွားခဲ့ပါတယ်။ဘယ်ဘက်တောင်ပံကနေဆွဲပြေးလာတဲ့ဘောလုံးကိုအားပြင်းပြင်းနဲ့ကန်သွင်းခဲ့ရာဂိုးသမားတောင်မကာကွယ်နိုင်ဖြစ်ပြီးဂိုးဝင်သွားခဲ့ပါတယ်။တစ်ကွင်းလုံးကပရိသတ်တွေလည်းအံ့သြသွားခဲ့ရတာဖြစ်ပါတယ်။ပရိသတ်တွေလည်းအာရှကနေကမ္ဘာအနှံ့ချီးကျူးခဲ့ရတဲ့သွင်းဂိုး video လေးကိုလည်းတင်ဆက်ပေးလိုက်ကပါတယ်။

SOURCE:Goal.com

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။