မော်ဒယ်၊ သရုပ်ဆောင် မင်းသားချောလေး ပိုင်တံခွန်ကတော့ နှုတ်ခမ်းနီမလေးတွေရဲ့ အပြတ်အသတ် အားပေးဝန်းရံမှုကို ရရှိထားတဲ့ အသည်းကျော်လေးတစ်ဦး ဖြစ်ပါတယ်။ ပိုင်တံခွန်က မိန်းကလေးတိုင်း ရင်ခုန်ရတဲ့ အမိုက်စား Body အချိုးအစားနဲ့ ချောမောခန့်ညားတဲ့ ရုပ်ရည်ကို ပိုင်ဆိုင်ထားသူပဲ ဖြစ်ပါတယ်။ အခုဆိုရင် ပိုင်တံခွန်က မြန်မာနိုင်ငံမှာသာမက ထိုင်းနိုင်ငံက ပျိုပျိုမေလေးတွေကြားမှာပါ ရေပန်းစားနေတာ တွေ့ရပါတယ်။

လတ်တလောမှာတော့ ပိုင်တံခွန်ရဲ့ ပုံရိပ်တွေနဲ့ ဗီဒီယိုလေးတွေက ထိုင်းနိုင်ငံက လူမှုကွန်ယက်စာမျက်နှာထက်မှာ အတော်လေးပျံ့နှံ့ပြီး အောင်မြင်နေတာ ဖြစ်ပါတယ်။ ထိုင်းမလေးတွေရဲ့ သည်းသည်းလှုပ် ချစ်ခင်အားပေးမှုကို ရရှိနေတဲ့ ပိုင်တံခွန်က သူ့ကိုအားပေးနေတဲ့ ထိုင်းကပရိသတ်တွေကို ကျေးဇူးတင်ကြောင်း ထိုင်းဘာသာစကားနဲ့ပြောကြားခဲ့ပါတယ်။ ပိုင်တံခွန်ရဲ့ဗီဒီယိုလေးကိုတော့ ထိုင်းနိုင်ငံရဲ့နာမည်ကြီး TV Channel တစ်ခုဖြစ်တဲ့ " ThairathTV " မှာ ဖော်ပြခြင်းခဲ့တာ တွေ့ရပါတယ်။

ပိုင်တံခွန်ရဲ့ပုံရိပ်တွေနဲ့ ဗီဒီယိုတွေက ထိုင်းနိုင်ငံမှာတောင် အကျယ်တဝင့်ဖော်ပြခြင်းခံရတဲ့အထိ ပိုင်တံခွန်တစ်ယောက် အတော်လေး အောင်မြင်နေတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ပိုင်တံခွန်က " I think I need to learn Thai language . How cute they r " ဆိုပြီး သူ့အနေနဲ့ ထိုင်းဘာသာစကားတောင် လေ့လာသင့်ပြီထင်တယ်လို့ ပြန်ပြောထားတာ တွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် "ThairathTV" မှာဖော်ပြထားတဲ့ ပိုင်တံခွန်ရဲ့ဗီဒီယိုလေးကို အောက်မှာ တင်ဆက်ပေးလိုက်ပါတယ်နော်။

Source: Paing Takhon & ThairathTV;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။