ချစ်ပရိတ်သတ်ကြီးရေ... အနုပညာလမ်းကြောင်းပေါ်မှာ တဖြည်းဖြည်း လျှောက်လှမ်းနေပြီးတော့ မိန်းကလေးပရိတ်သတ်တွေရဲ့ အသည်းစွဲမင်းသားလေးတစ်လက်ဖြစ်နေခဲ့တဲ့ သရုပ်ဆောင်ပိုင်တံခွန်ကို မသိတဲ့သူမရှိပါဘူးနော်။ လူငယ် modelသရုပ်ဆောင်လေးတစ်ယောက်ဆိုပေမယ့် ကြိုးစားအားထုတ်မှုတွေကြောင့်အချိန်တိုတိုအတွင်းအောင်မြင်မှုတွေကိုပိုင်ဆိုင်ထားခဲ့ပါတယ်နော်။

ကိုရီးယားမင်းသားလို တရုတ်မင်းသားလိုလို ချစ်ဖို့ကောင်းပြီးတည်ကြည်တဲ့ မျက်နှာလေးနဲ့ အမိုက်စားခန္ဓာကိုယ်လေးကိုပိုင်ဆိုင်ထားတဲ့ အတွက် နှုတ်ခမ်းနီမလေးတွေရဲ့အသဲစွဲဖြစ်နေခဲ့ရတာပါနော်။ သူဟာ အခုနောက်ပိုင်းမှာဆိုရင် အနုပညာအလုပ်တွေကို ကြိုးကြိုးစားစားနဲ့ လုပ်နေတာကိုတွေ့ရပြီးတော့ ပရိတ်သတ်တွေရဲ့ လက်ခံအားပေးမှုကို များစွာရရှိပိုင်ဆိုင်ထားပါပြီနော်။

သူဟာ လတ်တလောမှာဆိုရင် ပွဲလေးတွေဆက်တိုက်တက်ဖြစ်နေတာကိုတွေ့ရပြီးတော့ အခုတစ်ခါမှာလည်း တည်ကြည်ခန့်ညားတဲ့ ဖက်ရှင်လေးနဲ့ ပွဲတက်ခဲ့တာကိုလည်းတွေ့ရပြန်ပါတယ်နော်။ တောင့်တင်းသန်မာတဲ့ သူ့ရဲ့ အမိုက်စားခန္ဓာကိုယ်နဲ့လိုက်ဖက်တဲ့ စမတ်ကျကျဖက်ရှင်လေးကို အထာကျကျဝတ်ဆင်ပြီးတော့ ပျိုမေတို့ရဲ့နှလုံးသားကို ဖမ်းစားခဲ့တာပဲဖြစ်ပါတယ်နော်။ကဲ...ယောက်ျားလေးချင်းတောင် လည်ပြန်ငေးရလောက်အောင် အထာကျလွန်းတဲ့ ပိုင်တံခွန်ရဲ့ ခပ်မိုက်မိုက်ပုံရိပ်လေးတွေကို ချစ်ပရိတ်သတ်တွေအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source : Paing Takhon

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။