ပရိသတ်တွေရဲ့ အချစ်တော်တစ်ဦးဖြစ်သလို ဆယ်ကျော်သက် သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ အကယ်ဒမီ ယွန်းယွန်း ကတော့ ကလေးသရုပ်ဆောင်ဘဝကနေ ဆယ်ကျော်သက် သရုပ်ဆောင်တစ်ဦးတောင် ဖြစ်လို့လာပါပြီ။

ယွန်းယွန်းဟာ လက်ရှိမှာ ရန်ကုန်တက္ကသိုလ်မှာ စိတ်ပညာဘာသာရပ်ကို အထူးပြုသင်ယူနေပြီး တစ်ဖက်တစ်လှမ်းကလည်း အနုပညာအလုပ်တွေကို လုပ်ကိုင်လျက်ရှိပါတယ်။ ဒါ့အပြင် အခြားသော စီမံခန့်ခွဲမှုဆိုင်ရာ ပြင်ပသင်တန်းတွေလည်း တက်ရောက်နေတယ်လို့ သိရပါတယ်။ သူမဟာ မြန်မာနိုင်ငံရဲ့ အငယ်ဆုံးအကယ်ဒမီဆုရှင်တွေထဲက တစ်ဦးဖြစ်ပြီး သူမပါဝင်ရိုက်ကူးခဲ့တဲ့ "မနေ့ကဖြစ်သည်" ရုပ်သံဇာတ်လမ်းတွဲမှ သူမရဲ့ ဇာတ်ရုပ်နဲ့ သရုပ်ဆောင်ရည်တို့ဟာလည်း ပရိသတ်တွေကြား ပြောစမှတ်ဖြစ်ခဲ့ပါတယ်။ လက်ရှိမှာတော့ ပညာရေးနဲ့ အနုပညာလုပ်ငန်းတွေကိုသာ တစိုက်မတ်မတ်လုပ်ကိုင်နေပြီး အချစ်ရေးနဲ့ပတ်သတ်ပြီးတော့တော့ မစဉ်းစားသေးပါဘူးတဲ့ ပရိသတ်ကြီးရေ……

လတ်တလောမှာတော့ သူမဟာ မိသားစုနဲ့ စင်္ကာပူနိုင်ငံသို့ ရောက်ရှိနေတဲ့ ဓာတ်ပုံတွေ ပရိသတ်တွေကြား ရေပန်းစားနေပြီး ပရိသတ်တွေကတော့ ယွန်းယွန်းလေးတောင် အပျိုကြီးဖြစ်လာပြီ ဆိုပြီး အချိန်တွေကုန်မြန်လာတာကို သတိပြုမိနေကြပါတော့တယ် ပရိသတ်ကြီးရေ………

Photo Source: Yoon Yoon

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။