Social Media ပေါ်မှာဆိုရင်တော့ Justin Bieber တစ်ယောက်ဟာ Tom Cruise ကိုထပ်မံပြီး စိန်ခေါ်လိုက်ပါတယ်။ ဒီတစ်ခါမှာတော့ သူဟာ အရင်လို စာနဲ့မဟုတ်တော့ပဲ Bottle Cap နဲ့ စိန်ခေါ်ခဲ့တာဖြစ်ပါတယ်။ သူအနေနဲ့ အဲ့အဖုံးကို Tom Cruise ရဲ့ခေါင်းလို့သတ်မှတ်ပြီးတော့ ကန်ထည့်လိုက်တာပါ။ McGuinness liqueur စ စိန်ခေါ်တဲ့ Bottle Cap Challenge ကိုသူအနေနဲ့လဲ လုပ်နိုင်ကြောင်းကို သက်သေပြကာ Instagram မှာ Video တင်ခဲ့ပါတယ်။  

ပြီးခဲ့တဲ့ ရက်အနည်းငယ်တွေမှာလဲ တခြားသော အနုပညာရှင်တွေဖြစ်ကြတဲ့ Mariah Carey, John Mayer နဲ့ Jason Statham စတဲ့သူတွေဟာလဲ လုပ်လို့ပြီးပြီဖြစ်ပါတယ်။ JB တစ်ယောက်ကတော့ တနင်္ဂနွေနေ့မှ လုပ်ခဲ့ပြီး တင်ခဲ့တာဖြစ်ပါတယ်။ သူဟာအဲ့အဖုံးကိုမကန်ချိန်မှာပါးစပ်ကနေ " ဒီအဖုံးကတော့ Tom Cruise ခေါင်းပဲဖြစ်တော့မှာ " ဆိုပြီးပြောခဲ့ကာ ကန်ခဲ့တာဖြစ်ပါတယ်။ ဘာလို့သူလဲ အဲ့လိုမျိုးတွေလုပ်နေတာလဲ မသိဘူး။ 

JB တစ်ယောက်ထဲ ကန်ခဲ့တာမဟုတ်ပဲ မိန်းမဖြစ်သူ Hailey လဲ အထားကျကျ ကန်ခဲ့တာကို Video မှာတွေ့ရှိရမှာပါ။ JB တစ်ယောက် Tom Cruise ကိုစိန်ခေါ်တယ်ဆိုတာ ပြီးခဲ့တဲ့အချိန်အနည်းငယ်တုန်းကပဲလို့ပြောရမှာပါ။ သူရဲ့စိန်ခေါ်တဲ့စာကိုတော့ Twitter မှာတင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့လဲ သူဟာ အဲ့စာက စနောက်တာဖြစ်ကြောင်းပြောပြခဲ့ပါတယ်။ သိပ်မကြာပါဘူး သူတို့နှစ်ယောက်လုံးက ထိုးဖို့အတည်ပြုနေကြပြီပြီးဖြစ်ကာ ဆိုင်ရာတွေက မထိုးခိုင်လို့ ဆိုပြီး UFC တာဝန်ရှိသူက ပြောပြခဲ့ပါတယ်။  

Source : Daily Mail Celebrity 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။