အားလုံးပဲသိကြတဲ့အတိုင်း ဇူလိုင်လ ၆ရက်နေ့မှာဆိုရင်တော့ BIGBANG အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ T.O.P ဟာဆိုရင် တာဝန်ထမ်းဆောင်ရာကနေပြန်လာပြီဖြစ်ပါတယ်။ သူအနေနဲ့လဲ ထွက်လာတာနဲ့ ပရိသတ်တွေနဲ့တွေ့ခဲ့ပြီး ပျော်ရွှင်စွာပဲရှိနေခဲ့ပါတယ်။ ခုလိုမျိုးသူ့ကိုလဲ Support တွေပေးခဲ့တာကြောင့် သူဟာကျေဇူးတင်ကြောင်းကိုလဲ ပြောပြခဲ့ပါတယ်။ ပရိသတ်ကြီးလဲ ယနေ့တိုင် သူ့ကို အားပေးမယ်လို့မျှော်လင့်ပါတယ်။  

သူရဲ့ Instagram မှာဆိုရင်လဲ ပရိသတ်တွေပေါင်းများစွာကို လက်ဆွဲနှုတ်ဆက်နေတဲ့ ပုံကိုတင်ထားခဲ့ပါတယ်။ အောင်မြင်တဲ့သူတစ်ယောက်အနေနဲ့လဲ ပရိသတ်တွေရဲ့ တန်ဖိုးနဲ့ Support ကိုနားလည်သူတစ်ယောက်ဖြစ်တာကိုလဲ သူရဲ့ တင်ခဲ့တဲ့ Post က စာကိုကြည့်ချင်အားဖြင့်သိရှိနိုင်ပါတယ်။ သူအနေနဲ့လဲ ရှေ့ဆက်ပြီး အနုပညာအလုပ်တွေကို ဘယ်လိုလုပ်သွားအုန်းမလဲဆိုတာကို စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ 

T.O.P ဟာ ဖေဖော်ဝါရီလ ၂၀၁၇ခုနှစ်တုန်းက ရဲတစ်ယောက်အနေနဲ့ တာဝန်ထမ်းဆောင်နေခဲ့ရာမှ ပြီးဆုံးခဲ့တာဖြစ်ပြီး သူအနေနဲ့ ပြည့်သူတာဝန်ကိုထမ်းဆောင်တဲ့သူတစ်ယောက်အဖြစ် ဆက်လက်ပြီးတော့ ဇန်နဝါရီလ ၂၀၁၈ခုနှစ်မှာ ထမ်းဆောင်ခဲ့ပါတယ်။ သူရဲ့ထမ်းဆောင်ရမဲ့တာဝန်တွေကိုလဲ သူဟာ သတ်မှတ်ရက်မတိုင်ခင်မှာ အကုန်ပြီးဆုံးခဲ့ပြီး ၂၀၁၉ခုနှစ် ဇူလိုင် ၆ရက်နေ့မှာတော့ အရင်လို ပရိသတ်တွေဆိကိုပြန်လာပြီး အနုပညာအလုပ်တွေပြန်လုပ်ဖို့ ရောက်ရှိလာခဲ့ပါပြီး။ 

Source : Soompi 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။