ပရိသတ်တွေရဲ့ အချစ်တော် သဘာဝမင်းသားကြီး ကိုမြင့်မြတ်ကတော့ အကယ်ဒမီဆုနဲ့လွဲချော်ထားပေမယ့် ဘယ်သွားသွား လူချစ်လူခင်များတာတော့အမှန်ပဲနော်။

လက်တလောမှာတော့ မြင့်မြတ်ဟာ သင်္ကြန်မတိုင်ခင်ထဲက သူ့ရဲ့ချစ်ဇနီးလေးနဲ့အတူ မန္တလေးမှာပဲ ရှိနေတုန်းပါပဲ။

Mynmar Media 7 ကစီစဉ်တဲ့ VeVe အချိုရည်ကုန်သည်တွေထံ နှစ်သစ်လက်ဆောင်များ လိုက်လံပေးဆောင်တဲ့ခရီးစဉ်မှာ မြင့်မြတ်ဟာ သူကိုယ်တိုင်စိတ်အားလူအားနှစ်ပြီး တစ်ဦးတစ်ယောက်ချင်းစီ စိတ်ရှည်သီးခံစွာ လက်ဆောင်များပေးအပ်ခဲ့ပါတယ်။

VeVe အကျီအပြာရောင်လေးဝတ်ပြီး တွေ့သမျှလူတိုင်းကိုပြုံးပြနှှုတ်ဆက်တဲ့ ကိုမြင့်မြတ်ဟာ မန်းလေးက သူ့ရဲ့ ပရိသတ်တွေနဲ့တွေ့တုန်း အမှတ်တရဓာတ်ပုံတွေလည်း ရိုက်ခဲ့ပါတယ်။

မြင့်မြတ်ဟာ သူ့ရဲ့ ချစ်ဇနီးချောလေးကိုပါ ဒီခရီးစဉ်မှာ ခေါ်ဆောင်လာတာကိုတွေ့ရပါတယ်။

လိုက်ဖက်ညီတဲ့သူတို့ဇနီးမောင်နှံကိုတော့ ပရိသတ်တိုင်းက ချစ်ခင်အားပေးကြပါတယ်။  

သတင်းအရင်းမြစ် myint myat fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။