သရုပ်ဆောင် မင်းသမီးချော အိန္ဒြာကျော်ဇင်ကတော့ တစ်နိုင်ငံလုံးက ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို အခိုင်အမာရရှိထားတဲ့ ပြည်သူချစ် အနုပညာရှင်တစ်ဦး ဖြစ်ပါတယ်။ အနုပညာလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းအောင်မြင်လာခဲ့တာ ဆယ်စုနှစ်တစ်ခုကျော်ကြာရှိခဲ့ပြီဖြစ်တဲ့ အိန္ဒြာကျော်ဇင်က အကယ်ဒမီဆုများစွာကိုလည်း ဆွတ်ခူးရရှိခဲ့ပြီ ဖြစ်ပါတယ်။ လက်ရှိမှာလည်း အူဝဲက ရုပ်ရှင်ဇာတ်ကားကြီးတွေ မနားတမ်းရိုက်ကူးနေရတာ ဖြစ်ပါတယ်။

အခုရက်ပိုင်းမှာတော့ အူဝဲရဲ့ပုံရိပ်တစ်ချို့က ပရိသတ်တွေကြားမှာ အရမ်းကို စိတ်ဝင်စားမှုမြင့်တက်နေတာ တွေ့ရပါတယ်။ အူဝဲရဲ့ပုံရိပ်လေးတွေကတော့ " ကြိမ်နှုန်း " ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ ရိုက်ကွင်းပေါ်က ပုံရိပ်လေးတွေပဲ ဖြစ်ပါတယ်။ တစ်မူထူးခြားတဲ့ ဇာတ်ရုပ်နဲ့ အူဝဲပါဝင်သရုပ်ဆောင်ထားတဲ့ ဒီဇာတ်ကားလေးကိုတော့ မကြာခင် ပိတ်ကားထက်မှာ မြင်တွေ့ရှုစားရတော့မှာပဲ ဖြစ်ပါတယ်။

ရှေးခေတ်က ဝတ်စားဆင်ယင်မှုတွေနဲ့ အရမ်းကိုနုပျိုလှပပြီး နန်းဆန်နေတဲ့ အူဝဲက မြင်သူတိုင်းရဲ့ စိတ်အာရုံကို ဖမ်းစားသွားခဲ့တာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် မျက်လုံးအကြည့်တွေကအစ အသက်ပါလွန်းတဲ့ အူဝဲရဲ့ပုံရိပ်တွေက အရမ်းကို ထိမိပြင်းရှလွန်းတာကြောင့် ပရိသတ်တွေက အချစ်ပိုနေရတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် " ကြိမ်နှုန်း " ဇာတ်ကားကြီးမှာသရုပ်ဆောင်ထားတဲ့ အူဝဲရဲ့ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Photo Credit-Pathy Pathy Eaindra Kyaw Zin's Crazy;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။