ပရိသတ်တွေကြားမှာ အောင်မြင်မှုတွေဆက်တိုက်ပိုင်ဆိုင်ထားနိုင်တဲ့ အောင်လအန်ဆန်းတစ်ယောက်ကတော့လက်ရှိ သာယာပျော်ရွှင်စရာမိသားစုဘဝလေးကို ဖြတ်သန်းနေပါပြီ။ မကြာသေးမီကလည်း ကမ္ဘာ့အကောင်းဆုံးဖိုက်တာတစ်ဦးအဖြစ်ရွေးချယ်ခံခဲ့ရပြီး မြန်မာ့ဂုဏ်ဆောင်နိုင်ခဲ့တာလည်းတွေ့ရပါတယ်။ ချစ်စရာသားလေးတစ်ယောက်ကိုပိုင်ဆိုင်ထားတဲ့ အောင်လအန်ဆန်းကတော့ အမွေခံသားတစ်ယောက်ကို ပိုင်ဆိုင်ချင်စိတ်ရှိလားဆိုတာတော့ ပရိသတ်တွေစိတ်ဝင်စားမယ်ထင်ပါတယ်။  

အောင်လအန်ဆန်းရဲ့ တစ်ဦးတည်းသောသားဖြစ်သူ အောင်ဒီးကတော့ နှစ်ဖက်မိသားစုတိုင်းရဲ့ အချစ်တော်တစ်ယောက်ဖြစ်တဲ့အပြင် အောင်လအန်ဆန်းရဲ့ အသည်းစွဲလေးလည်းဖြစ်ပါတယ်။ မကြာသေးမီက အောင်လအန်ဆန်းကတော့ သားဖြစ်သူနဲ့ပတ်သက်ပြီး ရင်ဖွင့်ပြောကြားထားတာတွေ့ရပါတယ်။ အဆိုပါ စကားလေးကတော့ "If my son Aung De tells me he wants to become a fighter, I would tell him what all Asian parents say, “Be a Doctor or an Engineer !” ပဲဖြစ်ပါတယ်။  

ကမ္ဘာ့ကလေးစားအားကျရတဲ့ ချန်ပီယံတစ်ဦးဖြစ်တဲ့အပြင် သားဖြစ်သူရဲ့ ဝါသနာကိုလည်း စွတ်ဖတ်ခြင်းမပြုသူတစ်ယောက်ဖြစ်တဲ့ အောင်လအန်ဆန်းကတော့ သားဖြစ်သူရဲ့ အနာဂတ်ကို စိတ်ဝင်တစားရှိတာတွေ့ရပါတယ်။ အောင်လအန်ဆန်းရဲ့ အမွေကို ဆက်ခံနိုင်မယ့် ပရိသတ်အချစ်တော်အောင်ဒီးလေးရဲ့ ပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက် မျှဝပေေးလိုက်ပါတယ်။

pHOTOS - AUNG LA

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။