ဝက်ရူးပြန်ရောဂါ ဖြစ်ရသည့် အကြောင်းရင်းကို ယခုတိုင် တိတိကျကျ မသိရသေးချေ။ သို့သော် ဆရာဝန်များသည် ထိုရောဂါဖြစ်နေသူ၏ ဦး နှောက်မှ ဖြစ်ပေါ်စေသော လျှပ်စစ်လှိုင်းများကို ဦးနှောက်၏ လျှပ်စစ်လှိုင်း မှတ်သည့် ကိရိယာတွင် တွေ့မြင်နိုင်ကြလေသည်....။ ထိုရောဂါအတွက် ထိုကိရိယာကို သီးခြားတီထွင်ထားခြင်းဖြစ်ရာ ရောဂါကျရောက်နေစဉ်၌ ဖြစ်ပေါ်လာသော လျှပ်စစ်လှိုင်းများ၏ ပုံသဏ္ဌာန်များ ထူးခြားစွာပြောင်းလာ သည်ကိုတွေ့ရသည်။ ဝက်ရူးပြန်ရောဂါသည် နာဗ်ကြောအဖွဲ့တွင် ကျရောက်သည့်ရောဂါကြောင့် ဖြစ်လာရခြင်းလို့ဆိုရမှာပါ...။ ယေဘုယျအားဖြင့် ထိုရောဂါသည်မျိုးရိုးဇာတိနှင့် မဆိုင်၊ တစ်ဦးမှတစ်ဦးသို့လည်း ကူးစက်တဲ့ရောဂါမဟုတ်ပါဖူး...။ ပြင်းထန်သော ဝက်ရူးပြန်ရောဂါ ဖြစ်လျှင် ဝေဒနာရှင်သည် ရုတ်တရက် သတိမေ့သွားပြီး လဲကျသွားနိုင်ပါတယ်...။ လဲကျသွားပြီးနောက်တက်ခြင်းမျိုးဖြစ်ပေါ်ပြီး....ထိုသို့ ဖြစ်ခြင်းသည် နှစ်မိနစ်မှ ငါးမိနစ်အထိ ကြာတတ်ပြီးနောက် တွေဝေနေတတ်ပါတယ်...။

ဦးနှောက်၏ အရေးကြီးသော ဆောင်ရွက်ချက်မှာ သွေး အတွင်းမှရရှိသော သကြားနှင့် အောက်ဆီဂျင်စွမ်းအင်ကို နာဗ်ကြောစွမ်း အင်အဖြစ်သို့ ပြောင်းလဲပေးရန်ဖြစ်ပါတယ်...။ ဦးနှောက်နာဗ်ကြော စွမ်းအင် အဖြစ်သို့ ပြောင်းလဲပေးရာ၌ အချိန်နှင့် စွမ်းအင်ထုတ်လွှတ်ပေးသည့် နေရာကို မကန့်သတ်နိုင်၊ မထိန်းချုပ်နိုင်လျှင် ဝက်ရူးပြန်ရောဂါ ဖြစ်လာပါတော့သည်...။ ဝက်ရူးပြန်ရောဂါ ဖြစ်လာပြီးနောက် အချိန်အတော်ကြာ တွေဝေ၍နေခြင်းသည် ဦးနှောက်မှစွမ်းအင်ကို မရနိုင်တော့ကြောင်းပင်ဖြစ်ပါတယ်...။

တစ်ခါတစ်ရံ ဝေဒနာရှင်၏ ဦးနှောက်တစ်ခုလုံး၌ အနှောင့် အယှက်မဖြစ်ပဲ အစိတ်အပိုင်း တစ်ခုခုတွင်သာ ဖြစ်ပေါ်တတ်ပါသေးတယ်..။ သာဓကအရ ဖော်ပြလျှင် တစ်ခါတစ်ရံတွင် ဝေဒနာရှင်၏ ခြေတစ်ဖက်တည်းသာ ဆတ်တောက်ဆတ်တောက် ဖြစ်သွားစေတတ်ပါတယ်...။ ထိုသို့ဖြစ်ရ သည်မှာ ဦးနှောက်တွင် ခြေထောက်နှင့်သက်ဆိုင်သော အစိတ်အပိုင်း၌သာ အနှောင့်အယှက်ဖြစ်ခြင်းကြောင့်ပင်ဖြစ်သည်...။ ဝက်ရူးပြန်ရောဂါဖြစ်လာစဉ် လူနာအား သူ့ကိုယ်သူ ထိခိုက်အောင် မပြုလုပ်နိုင်စေရန် သတိထားရမှာပါနော်။ ဝေဒနာရှင်အား နွေးနွေးထွေးထွေး ဆက်ဆံသင့်ပြီး လည်ပင်းရှိ အဝတ်များကို တင်းကြပ်ထားတာမျိုးမလုပ်သင့်ပဲ ချောင်ချောင်လည်လည်ထားပေးရမှာဖြစ်ပါတယ်....။ ပါးစပ်အတွင်း အပေါ်နှင့် အောက်သွားများအကြား၌လည်း အဝတ်ကိုလိမ်၍ ခံထားပေးသင့်ပါတယ်...။ သို့မှသာရောဂါတက်နေစဉ်အတွင်း လျှာကို ကိုက်ဖြတ်မိခြင်းဘေးမှ လွတ်ကင်းနိုင်မှာဖြစ်ပါတယ်....။ အရက်သေစာသောက်စား ခြင်းကိုလည်း ရှောင်ရှားပေးဖို့ တိုက်တွန်းပြောဆိုရမှာပါ...။ ပရိသတ်ကြီးရဲ့ မိတ်ဆွေတွေကိုလည်း အဆိုပါ "ဝက်ရူးပြန်ရောဂါအကြောင်း" ဝေမျှသွားပေးပါဦးနော်...။

Source ဝီကီပီးဒီးယား

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။