Loreal ပွဲကိုတက်ရောက်ခဲ့တဲ့ အလှနတ်သမီးတွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်တဲ့ ယွန်းလေးကတော့ သူမရဲ့ Fashion နဲ့ပက်သက်ပြီး ခံယူချက်နဲ့ အမြင်လေးတွေကိုပြောပြ ခဲ့တာပဲဖြစ်ပါတယ်။ အမြဲတမ်းလုံလုံခြုံခြုံနဲ့ ပေါ့ပေါ့ပါးပါးဖြစ်မယ့်ပုံစံလေးတွေကို ရွေးဝတ် တတ်ပြီး ရင်ဟိုက်တွေ အပြတ်တွေဝတ်ရမှာကို ကိုယ်တိုင်လည်း မကြိုက်၊ နေလည်း မနေတတ်တာမို့ မဝတ်ဖြစ်သေးဘူးလို့ပြောခဲ့ပါသေးတယ်။ ဆံပင်နဲ့ပက်သက်ပြီးတော့ stress မဖြစ်မိဘူး ဒီဆံပင်လေးနဲ့ လိုက်ဖက်အောင်ပဲ ကိုယ်ဝတ်ချင်တာလေးဝတ်မယ် ဆိုတဲ့အကြောင်းကိုလည်း ပြောပြခဲ့ပါသေးတယ်။

အရောင်နုလေးတွေဝတ်တာများပေမယ့် ဒီပွဲလေးကိုတော့ နေဗီပြာရောင်လေးဝတ်ဆင် လာခဲ့တဲ့သူမရဲ့ပုံစံလေးက ချစ်စရာကောင်းလွန်းနေပါတယ်။ အသက်အရွယ်ရလာလို့ အနုပညာအလုပ်တွေလုပ်ရတဲ့အခါမှာ ဇာတ်ရုပ်နဲ့လိုက်ဖက်အောင်ပြင်ဆင်ရတာတွေရှိ ပေမယ့် သူမကိုယ်တိုင်က တော့ လက်ရှိအချိန်ထိ ကိုယ်နဲ့အဆင်ပြေမယ့် ပုံစံလေးတွေ ကိုပဲရွေးချယ်ဝတ်ဖြစ်နေတယ်လို့ဆိုပါတယ်။ အသက်ဆယ့်ကိုးနှစ်အရွယ်ရှိနေ ပြီဖြစ်ပြီး Third Year ကျောင်းသူလေးအဖြစ်နဲ့ အနုပညာအလုပ်တွေကိုလည်း လုပ်ကိုင်နေသူ တစ်ယောက်ပါ။

ငယ်စဉ်ကတည်းက ချစ်ခဲ့ရတဲ့ ပါးဖောင်းဖောင်းနဲ့ ပါးချိုင့်ပါတဲ့ ကမလေးကလေးက ဒီအရွယ်ထိတောင်ရောက်လာပြီး အရမ်းကိုလှလွန်းတဲ့ မိန်းမငယ်လေးတစ်ယောက် ဖြစ်လာပြီနော်။ ချစ်စရာကောင်းတဲ့အပြုံးလေးတွေကတော့ ငယ်ငယ်ကတည်းကအတိုင်း လုံးဝပြောင်းလဲမသွားပဲ လှမြဲတိုင်းလှနေဆဲပါပဲ။ လက်ရှိမှာတော့ ကျောင်းတစ်ဖက်နဲ့မို့ အနုပညာအလုပ်တွေကိုလည်း ရသလောက် အားတဲ့အချိန်လေးတွေ လုပ်နေတာဖြစ်လု့ိ သူမကိုစောင့်ကြည့်ပြီး အားပေးကြပါဦးလို့ ပရိသတ်ကြီးလည်း ပြောခဲ့ပါသေးတယ်။

Exclusively on Myanmarload

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။