New York Cityမှာ ဓာတ်အားခွဲရုံတစ်ခုမှ ပေါက်ကွဲမှု တစ်ခုဖြစ်ကာ ကောင်းကင်ခွင်တစ်ခုလုံး အပြာရောင်သန်းခဲ့ပါတယ်။ New York City ရဲ့မီးသတ်သမားတွေက ယင်းပေါက်ကွဲမှုဟာ လျှပ်စစ်ဓာတ်အားပြာတစ်ခုကို မီးလောင်ခဲ့ရာမှ စတင်ပေါက်ကွဲမှုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ သို့ပေမဲ့လဲ လူတွေဟာ ဒါရိုးရိုးသာမန်ကိစ္စ မဟုတ်ဘူးလို့ ပြောနေကြပါတယ်။   

အဲ့အနီးနားကလေယာဉ်ကွင်း တစ်ကွင်းလုံးဟာဆိုရင်တော့ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုကြီး ဖြစ်ပွားခဲ့ပါတယ်။ လေယာဉ်တွေလဲ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုကြောင့် မီးလောင်ပေါက်ကွဲမှုတွေ ဖြစ်ပေါ်ကုန်ကြပါတယ်။ တာဝန်ရှိသူအကြီးအကဲကတော့ ခုလိုအက့်ဆီဒက်မှာ ဘယ်သူမှ ဒဏ်ရာအနာတရ မဖြစ်ခဲ့ဘူးလို့ ပြောကြားခဲ့ပါတယ်။  

အဲ့လိုပေါက်ကွဲမှုဖြစ်တာက ရိုးရိုးသာမာန်ကိစ္စတစ်ခုလို့ ထင်ရပေမဲ့ လူအတော်အများကတော့ စောဒကတက်ခဲ့ကြပါတယ်။ ဘာလို့လဲဆိုတော့ အဲ့လိုကောင်းကင်တစ်ခုလုံး ပြာနေတဲ့ချိန်မှာ ပုံမှန်မဟုတ်တဲ့ ကိစ္စတွေ အမြောက်အမြား ဖြစ်ပေါ်လာတယ်လို့ပြောကြပါတယ်။ တချို့ကတော့ ဂြိုလ်သားတွေ လုပ်တာလို့ပြောကြပါတယ်။ ပြီးတော့ ဂေါ်ဇီလာကြောင့်လို့လဲ ထင်ကြပါတယ်။ ဘာလို့လဲဆိုတော့ သူရဲ့ပါဝါကို ထုတ်မှုတ်လိုက်သလို ဖြစ်ခဲ့တာကြောင့်ပါ။ ပရိသတ်ကြီးရော ဘယ်လိုထင်လဲခဗျ။  

Source : Mirror 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။