၁၉၅၇ခုနှစ် Philadelphia မှာ မုဆိုးတစ်ယောက်ဟာ အမဲလိုက်နေရင်း သေတ္တာတစ်လုံးထဲမှာ ပွန်းပဲ့ဒဏ်ရာတွေနဲ့ ကောင်းလေးတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကိုတွေ့ရှိခဲ့ပါတယ်။ အဲ့ကောင်လေးအသက်ဟာ ၄နှစ်မှ ၆နှစ်ကြားထဲမှာ ရှိလောက်ပါတယ်။ သူရဲ့ခန္ဓာကိုယ်ဟာ အနံတွေထွက်နေပြီ မုဆိုးဟာ ရဲတွေကိုသတင်းမပေးခဲ့ပါဘူး။ ၂ရက်လောက်အကြာမှာတော့ တက္ကသိုလ်ကျောင်းသားတွေက တွေ့ရှိခဲ့ပြီး ရဲတွေကို သတင်းပေးခဲ့ကာ အဲ့တော့မှရဲတွေက " အမေရိကန်ရဲ့ အမည်မသိကလေး " ဆိုတဲ့အမှုနဲ့ စုံးစမ်းခဲ့ပါတယ်။  

အဲ့ချိန်မှာပဲ မီဒီယာတွေနဲ့လက်ကမ်းကြော်ငြာဝေသူတွေက စိတ်ဝင်စားလာကြပါတယ်။ အဲချိန်မှာရဲတွေဟာလဲ များစွာသော သတင်းပေးမှုတွေကို ရရှိခဲ့ပါတယ်။ ရဲတွေဟာလဲ အဲ့ကလေးလေးပေါ်က လက်ဗွေရာတွေ သေတ္တာပေါ်က လက်ဗွေရာတွေ တစ်ခုမကျန်လိုက်လံ စုံးစမ်းရှာဖွေခဲ့ပေမဲ့ ဘာမှမထူးခဲ့ပါဘူး။ ဒါပေမဲ့ ဒီကိစ္စနဲ့ပတ်သက်ပြီး ဖြစ်နိုင်ခြေရှိတဲ့ အထင်တွေကိုရခဲ့ပါတယ်။ ဖြစ်နိုင်ပုံကတော့ အဲ့ကောင်လေးက အံသစ်တောနဲ့ ၁.၅မိုင်ဝေးတဲ့အိမ်က မယားသမီးရဲ့ယောကျ်ားဖြစ်သူရဲ့သားဖြစ်နိုင်ပါတယ်။ 

အဲ့နောက်သူတို့နှစ်ယောက်ကိုစုံးစမ်းစစ်ဆေးပေမဲ့ အမှုကို ပိတ်လိုက်ရပါတယ်။ ဒါပေမဲ့ ၂၀၀၃ ခုနှစ်မှာ အဲ့အမှုဟာ ပြန်လဲပေါ်ပေါက်လာခဲပါတယ်။ အမည်မဖော်လိုသူ M ဆိုတဲ့အမျိုးသမီးက သူရဲ့ရင့်သီးရိုင်းစိုင်းရုန့်ရင်းကြမ်းတမ်းတဲ့ အမေဟာ ၁၉၅၄ ခုနှစ်မှာ အဲ့ကလေးကိုဝယ်ခဲ့ပြီ ထိန်းမနိုင်သိမ်းမနိုင်ဒေါသထွက်ခဲ့ကာ အဲ့ကလေးကို သတ်ခဲ့ပါတယ်လို့ပြောကြားခဲ့ပါတယ်။ ဘာလို့ဒေါသထွက်လဲဆိုတော့ သူဟာတည်တည်ငြိမ်ငြိမ်မနေသောကြောင့်လို့ပြောပါတယ်။ ဒါပေမဲ့လဲ အဲ့အမှုကိုလဲ ပိတ်လိုက်ပြီး အဲ့ကောင်လေးဟာ " အမေရိကန်ရဲ့ အမည်မသိကလေး " ဆိုပြီးကျန်ရှိနေခဲ့ပါတယ်။ 

Source : Mirror 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။