အောင်မြင်တဲ့လူငယ်အဆိုတော်ရဲရင့်အောင်ရဲ့ သီချင်းတွေထဲက တစ်ပုဒ်ဖြစ်တဲ့ " စိတ်ရှည်သည်းခံ " သီချင်း MTV ဟာ လတ်တလောလူမှုကွန် ယက်မှာအတော်လေး ရေပန်းစားနေတာပဲဖြစ်ပါတယ်။ ဒီ MTV ကို ပုံမှန်နဲ့နည်းနည်းကွဲထက်နေတဲ့ပုံတစ်ခုနဲ့ အလန်းစားရိုက်ကူးထားပြီး ပရိသတ်တွေရဲ့အကြိုက်နဲ့ထပ်တူကျတယ်လို့ဆိုနိုင်ပါတယ်။ သီချင်းတွေအများကြီးကို မတူတဲ့ပုံစံတစ်ခုနဲ့ဖန်တီးထားပြီး အမြဲတမ်းဆန်းသစ်မှု တွေနဲ့ မရိုးရအောင်တင်ဆက်နိုင်သူတစ်ယောက်လည်းဖြစ်ပါတယ်။

ချစ်သူနဲ့လည်း အဆင်ပြေသာယာတဲ့အချစ်ရေးလေးကို တည်ဆောက်ထားပြီး နှစ်ယောက်သားလက်တွဲလာတဲ့သက်တမ်းဟာလည်း နှစ်နှစ်ကျော်ကြာမြင့်ခဲ့ပြီပဲဖြစ်ပါ တယ်။ လက်ရှိအချိန်ထိ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့ပဲ တစ်ယောက်နဲ့တစ်ယောက် အချစ်စမ်းနေကြပုံက ကြည်နူးစရာပါ။ ချစ်သူကို အမြဲတမ်း support ပေးပြီး အနားမှာအမြဲ အတူတူရှိတတ်တဲ့ ဧငြိမ်းဖြူလေးကို ပိုင်ဆိုင်ထားတာကလည်း တကယ့်ကို ကံကောင်း တာပဲနော်။

ဒီနေ့မှာတော့ ရဲရင့်အောင်တစ်ယောက် သီချင်း MTV ရဲ့ ကြိုးစားမှုတွေကို အပြည့်အဝ ပေါ်လွင်နေတဲ့ Behind the Scene Video လေးကို ဝေမျှလိုက်တာပဲဖြစ်ပါတယ်။ သီချင်း ကိုလည်းအကောင်းဖြစ်အောင် ကြိုးစားရေးစပ်သီဆိုတဲ့အပြင် MTV တွေကိုလည်း အမြဲတမ်းဆန်းသစ်နေအောင် ဖန်တီးနိုင်တဲ့ အရည်အချင်းပြည့်ဝတဲ့အနုပညာရှင် တစ်ယောက်ရဲ့ကြိုးစားမှုပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပြီနော်။

Photo - Ye Yint Aung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။