အိမ်မက်ဆုံရာ ပြိုင်ပွဲကနေ ဂီတလောကထဲသို့ဝင်ရောက်လာခဲ့တဲ့ အဆိုတော်ဝိုင်းလေးဟာဆိုရင်တော့ "ချစ်သေးရဲ့လား"၊ "လက်ခံပြီးသား"၊ "တာဝန်အရ" ဆိုတဲ့ ကိုယ်ပိုင်သံစဉ်လေးတွေနဲ့ ထုဆစ်ဖန်းတီးထားတဲ့ သီချင်းလေးတွေဖြင့် ပရိသတ်ရင်ခွင်ထဲကို ထိုးဖောက်ဝင်ရောက်နေရာယူခဲ့တာဖြစ်ပါတယ်...။ သိတ်မကြာခင်က ထွက်ရှိထားတဲ့ "လွတ်လပ်ရေး" သီချင်းဗီဒီယိုလေးဟာဆိုရင်လည်း အချိန်တိုအတွင်းမှာ social media လောကတစ်ခွင်အောင်မြင်ကျော်ကြား ပျံ့နှံ့ခဲ့တာဖြစ်ပါတယ်။

သူမရဲ့လတ်တလောအနုပညာလှုပ်ရှားမှုတွေဟာဆိုရင်တော့ အသစ်သစ်သော သီချင်းခွေတွေအတွက်ဆက်လက်ကြိုးစားနေပြီး photo shooting ရိုက်ကွင်းပေါ်က သူမရဲ့အလှပုံရိပ်လေးတွေကိုလည်း မြင်တွေ့ကြရမှာပါ....။ အဆိုတော် ဝိုင်းလေးကတော့ Miss World Myanmar 2014 သရဖူဆုကို ဆွတ်ခူးရရှိခဲ့တာလည်းဖြစ်ပါတယ်။ tik tok ဗီဒီယိုဖိုင်လေးတွေကိုလည်းဖန်တီးပြုလုပ်လျက်ရှိပြီး ပရိသတ်ကြီးကြည့်ရှုခံစားရအောင် အမြဲလိုလိုတင်ဆက်ပေးလေ့ရှိတာဖြစ်ပါတယ်။ ဒါ့အပြင် ခရီးသွားဝါသနာပါသူဖြစ်ပြီး ခရီးသွားမှတ်တမ်းပုံရိပ်လေးတွေကိုလည်းတင်ဆက်ပေးလိမ့်ရှိတာကိုမြင်တွေ့ရမှာပါ...။

ဝိုင်းလေးက ပရိသတ်ကြီးနဲ့ အဆက်အသွယ်မပြတ်ရအောင် လူမှုကွန်ယက်စာမျက်နှာ တစ်ခုဖြစ်တဲ့ facebook ပေါ်တွင်သူမရဲ့ နေ့စဉ်လှုပ်ရှားမှု အနုပညာလှုပ်ရှားမှု အမျိုးမျိုးကို အစဉ်အမြဲဖော်ပြ ပေးလေ့ရှိတာဖြစ်ပါတယ်..။ အခုတစ်ခါမှာဆိုရင်လည်း "သတိရချိန်တွေဟာ ၂၄ နာရီ" ဆိုတဲ့ status လေးနဲ့တကွ မန်းလေး CHERRY Oo ပွဲမှာ ဖျော်ဖြေခဲ့စဉ်က ရိုက်ကူးထားခဲ့တဲ့ ပုံရိပ်လေးတွေကို သူမရဲ့ official facebook acc တွင် ထုတ်ဖော်ပြသထားတာပါနော်...။ Myanmarload ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်...။

Source Wyne Lay

Photo Credit HeinLatt

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။