ပရိသတ်ကြီးရေ ပြည်သူချစ်အနုပညာရှင်တွေဖြစ်ကြတဲ့ သင်ဇာဝင့်ကျော် မေမြင့်မိုရ်နဲ့အိချောပိုတို့ကတော့ ပရိသတ်တွေကြားမှာ အရမ်းရေပန်းစားအောင်မြင်နေတဲ့အနုပညာရှင်တွေဖြစ်ကြပါတယ်နော်။သင်ဇာဝင့်ကျော်ကတော့ အမြဲတမ်း ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိစွာနဲ့ဝတ်စားဆင်ယင်တတ်ပြီး ပုရိသတွေကြားမှာ အရမ်းညှို့အားပြင်းတဲ့ မင်းသမီးချောတစ်လက်ပါနော်။

မေမြင့်မိုရ်ကတော့ Mrtv4ကထုတ်လွှင့်တဲ့ ဇာတ်လမ်းတွဲတွေကနေတဆင့် ပရိသတ်ရင်ထဲကိုတိုးဝင်လာခဲ့ကာ အခုနောက်ပိုင်းမှာတော့ ရုပ်ရှင်ဇာတ်ကားကြီးအများအပြားနဲ့ ဇာတ်လမ်းတွဲတွေကိုရိုက်ကူးနေတာဖြစ်ပြီး ပရိသတ်တွေကလည်း တစ်ခဲနက်ကိုအားပေးကြပါတယ်နော်။မင်းသမီးချောလေးအိချောပိုရဲ့ ခန္ဓာကိုယ်ကောက်ကြောင်းအလှကလည်း ပုရိသတွေကြားမှာ အရမ်းရေပန်းစားပြီး မြန်မာဆန်တဲ့အလှအပတွေကိုပိုင်ဆိုင်ထားတာဖြစ်ပါတယ်နော်။

အခုဆိုရင်တော့ မင်းသမီးချောလေးတွေဖြစ်တဲ့ သင်ဇာဝင့်ကျော် မေမြင့်မိုရ် နဲ့ အိချောပိုတို့သုံးယောက်က shooting တစ်ခုမှာအတူတူဆုံကြရင်း သုံးယောက်သား ပျော်ပျော်ပါးပါးနဲ့ ဓာတ်ပုံရိုက်နေကြပါတယ်။မင်းသမီးချောလေးသုံးယောက်ကတော့ ကိုယ်စီအလှလေးတွေနဲ့ ဆွဲဆောင်မှုရှိရှိလှနေကြပြီး ပုရိသတွေရဲ့အသည်းစွဲ နတ်မိမယ်လေးသုံးယောက်ရဲ့ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။

Source:Ei Chaw Po

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။