သရုပ်ဆောင် မင်းသမီးချောလေး ခြူးလေးကတော့ ချစ်စရာကောင်းတဲ့ အပြုံးလေးတွေကြောင့် ပရိသတ်တွေအားလုံးရဲ့ အချစ်တော်လေးဖြစ်လို့နေတာပါ။ သွက်လက်တက်ကြွပြီး အမြဲတမ်းရယ်ပြုံးနေတတ်တဲ့ ခြူးလေးက ကလေးတစ်ယောက်လို အပြစ်ကင်းစင်သူလေးလည်း ဖြစ်ပါတယ်။ လတ်တလောမှာလည်း ခြူးလေးက ''ချစ်နွေ'' ဆိုတဲ့ ဇာတ်ရုပ်လေးနဲ့ ပရိသတ်တွေရဲ့ ဝန်းရံအားပေးမှုကို ရရှိထားတာ ဖြစ်ပါတယ်။

အခုရက်ပိုင်းမှာတော့ ခြူးလေးတစ်ယောက် ကြော်ငြာ၊ ဇာတ်လမ်းတွဲလေးတွေနဲ့ ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးနေရတာ ဖြစ်ပါတယ်။ သရုပ်ဆောင်ရတာကို ဝါသနာပါလွန်းတဲ့ ခြူးလေးက သူမရဲ့ပရိသတ်တွေအတွက်လည်း Tik Tok ဗီဒီယိုလေးတွေကို မကြာခဏ တင်ပေးနေတာ ဖြစ်ပါတယ်။ အခုလည်း ခြူးလေးက ဒေါက်တာမြဝတ်ရည်နဲ့အတူ သရုပ်ဆောင်ထားတဲ့ Tik Tok ဗီဒီယိုအသစ်လေးတွေကို တင်ပေးထားပါတယ်။

ဒီ Tik Tokဗီဒီယိုလေးတွေမှာတော့ ခြူးလေးနဲ့ ဒေါက်တာ မြဝတ်ရည်တို့နှစ်ယောက်က အိုက်တင်အမူအရာမျိုးစုံနဲ့ အတွဲညီညီ သရုပ်ဆောင်ပြထားတာ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ရဲ့ ဗီဒီယိုလေးတွေက ရုပ်ပြောင်လေးတွေနဲ့ အရမ်းကိုချစ်စရာကောင်းနေကြသလို ရယ်လည်းရယ်နေရတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ခြူးလေးနဲ့ ဒေါက်တာ မြဝတ်ရည်ရဲ့ Tik Tok ဗီဒီယိုလေးတွေကို အောက်မှာ တင်ဆက်ပေးလိုက်ပါတယ်နော်။

Source: Chue Lay 's Tik Tok; 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။