MRTV-4 ရုပ်သံဇာတ်လမ်းတွဲများမှတစ်ဆင့် အနုပညာလမ်းကြောင်းပေါ်ကို အချိန်တိုအတွင်းလျှောက်လှမ်းလာသူလေးကတော့ မင်းသမီးချောလေးခြူးလေးပဲ ဖြစ်ပါတယ်။ သူမရဲ့သရုပ်ဆောင်ပီပြင်မှုကြောင့်လည်း လတ်တလောမှာရုပ်သံဇာတ်လမ်းတွဲများစွာကိုလက်မလည်အောင်ရိုက်ကူးနေရတာပါ။ ဖြူစင်တဲ့စိတ်ထားလေးနဲ့ ချစ်စရာကောင်းတဲ့ကလေးဆန်ဆန်ပုံစံလေးတွေကြောင့်လည်း ပရိသတ်တွေကချစ်မဝဖြစ်နေရတာပါ။

လတ်တလောမှာလည်း သူမပါဝင်သရုပ်ဆောင်ထားတဲ့ " ချစ်ရပါသော နွေ " ဆိုတဲ့ရုပ်သံဇာတ်လမ်းတွဲလေးလည်း Mrtv-4 ရုပ်သံတွင်ပြသနေပြီပဲ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းလေးမှာ ချစ်နွေဆိုတဲ့ကောင်မလေးအဖြစ်သရုပ်ဆောင်ထားတာပဲဖြစ်ပြီး လတ်တလောမှာ ပရိသတ်တွေအကြိုက်ဆုံးဇာတ်လမ်းတွဲတစ်ခုဖြစ်နေတာပါ။ ဒါ့အပြင် အခြားအနုပညာအလုပ်တွေလည်း ဆက်တိုက်လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။ 

အခုတစ်ခေါက်မှာလည်း လတ်တလောအွန်လိုင်းပေါ်မှာနာမည်ကြီးနေတဲ့ ဒေါက်တာမလေး မြဝတ်ရည်နဲ့အတူ အနုပညာလှုပ်ရှားမှုတွေလုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ရဲ့ပုံရိပ်လေးတွေကိုလည်း မြဝတ်ရည်ရဲ့လူမှုကွန်ယက်စာမျက်နှာမှာဝေမျှထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးအတွက် သူတို့နှစ်ယောက်ရဲ့ပုံရိပ်လေးတွေတင်ဆက်ပေးလိုက်ပါတယ်နော်။

Photo - Mya Wut Yee

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။