ယနေထိ့တိုင်အောင်မြင်နေဆဲဝါရင့်သရုပ်ဆောင် မင်းသမီးတစ်လက်ဖြစ်တဲ့ မင်းသမီးချော ခိုင်နှင်းဝေကတော့ သူမရဲ့ အနုပညာအလုပ်တွေထက် ပရဟိတရေးရာအလုပ်တွေကို ပိုလို့ အားပြုလုပ်ဆောင်နေပါတယ်။ ဆင်းရဲနွမ်းပါးတဲ့ လူထုအတွက် အကောင်းဆုံး တတ်နိင်တဲ့ဘက်ကနေ ထောက်ပံ့မှုတွေပေးနေသူလဲဖြစ်ပါတယ်။ သူမရဲ့လုပ်ရက်တွေဟာ ပရိသတ်တွေသာမကပဲ အနုပညာရှင်များကပါ ချီးကျူးနေရတာပါ။  

သူမဟာ အနုပညာအသိုင်းအဝိုင်းကလူအများသာမကပဲ ပြည်သူများလိုအပ်တဲ့နေရာတွေကိုလိုက်လံရှာဖွေကာ ကူညီတတ်တဲ့ ပရဟိတသူရဲကောင်းတစ်ဦးဆိုရင်လည်း မမှားနိုင်ပါဘူးနော်။ ဒါ့အပြင် မိဘမဲ့ကလေးသူငယ်များကိုလည်း ကိုယ့်သားသမီးများသဖွယ် ပြုစုစောင့်ရှောက်ထားတာဟာလည်း ချီးကျုးစရာပါပဲနော်။ ခိုင်နှင်းဝေကတော့ ပရဟိတအလုပ်တွေကို အားသွန်ခွန်စိုက်လုပ်ကိုင်နေသူလေးပဲဖြစ်ပါတယ်။  

ကလေးတွေနဲ့လှုပ်ရှားမှုလေးတွေနဲ့ပက်သက်ပြီးဗီဒီယိုလေးတွေလည်း ဝေမျှလေ့ရှိပြီး အခုတစ်ခေါက်မှာလည်း အချစ်ရဆုံးသမီးလေးရဲ့ချစ်စရာကောင်းတဲ့ဗီဒီယိုလေးတစ်ခုကို ဝေမျှထားတာပဲ ဖြစ်ပါတယ်။ ဒီဗီဒီယိုလေးထဲမှာတော့ သမီးလေးက ခိုင်နှင်းဝေအား နာနတ်သီးလေးတွေကို ကိုယ်တိုင်ကိုယ်ကျခွံ့ကျွေးနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးအတွက် ခိုင်နှင်းဝေရဲ့သမီးလေးရဲ့ချစ်စရာကောင်းတဲ့ဗီဒီယိုလေးကို တင်ဆက်ပေးလိုက်ရပါတယ်နော်။

Source- Khine Hnin Wa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။