ပရိသတ်ကြီးရေ အကယ်ဒမီနန္ဒာလှိုင်ကတော့ ဝဝတုတ်တုတ်လေးတွေနဲ့အရမ်းချစ်စရာကောင်းတဲ့ သမီးလေးသုံးယောက်ကို မွေးဖွားထားလို့ နန္ဒာလှိုင်တို့မိသားစုငါးယောက်က သိုက်သိုက်ဝန်းဝန်းနဲ့ ပျော်စရာကြီးပါနော်။သမီးသုံးယောက်နာမည်ကို ဇေဝတီလှိုင် ဇေရတီလှိုင် ဇေမဒီလှိုင် ဆိုပြီး ချစ်ခင်ပွန်းနာမည်နဲ့သူမနာမည်ကိုပေါင်းကာ နာမည်လှလှလေးတွေပေးထားပါတယ်နော်။

နန္ဒာလှိုင်ကတော့ မိသားစုနဲ့သာအချိန်ကုန်ဆုံးနေရတာကြောင့် အနုပညာအလုပ်တွေနဲ့ဝေးကွာနေပြီး ပရိသတ်တွေကတော့ သူမရဲ့အနုပညာလှုပ်ရှားမှုတွေကိုမျှော်လင့်နေကြတာဖြစ်ပါတယ်။အခုဆိုရင်တော့ စီးပွားရေးကိုသာဇောက်ချလုပ်ကိုင်နေပြီး ပကာသနမမက်တဲ့နန္ဒာလှိုင်က ခြံထွက်ဒူးရင်းသီးတွေကိုလည်း ကိုယ်တိုင်ခွာပြီးရောင်းနေတာကို ပရိသတ်ကြီးလည်းတွေ့မြင်နေရမှာပါနော်။

နန္ဒာလှိုင်အတွက်ကတော့ ချစ်စရာသမီးလေးသုံးယောက်ရဲ့ စနောက်မှုတွေနဲ့ ပျော်စရာအပြုအမူလေးတွေကြောင့် အမြဲတမ်းပျော်ရွှင်နေရတာဖြစ်ပါတယ်။အခုဆိုရင်လည်း သမီးအငယ်ဆုံးလေး ဇေမဒီလှိုင်က စာလုပ်နေရင်း နားကြပ်ကြီးတပ်ကာ လွန်ခဲ့သောနှစ်၃၀လောက်က နာမည်ကြီးခဲ့တဲ့ တရုတ်သီချင်းကို အသံကောင်းကောင်းနဲ့ ပီပီပြင်ပြင်ဆိုနေတဲ့ ချစ်စရာဗီဒီယိုဖိုင်လေးကို မျှဝေပေးလိုက်ပါရစေနော်။ 

Source:Nandar Hlaing/Zay Thiha

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။