အသံချိုချိုအေးအေးလေးနဲ့ ပရိသတ်တွေရဲ့ အားပေးဝန်းရံမှုတွေကို အခိုင်အမာရရှိထားတဲ့ အဆိုတော်တွေထဲမှာ ချစ်စရာကောင်းတဲ့ အဆိုတော်မလေး ဆူဇီကတော့ အမိုက်စားသီချင်းကောင်းလေးတွေနဲ့ ပရိသတ်တွေကို ဖမ်းစားထားသူလေးပဲ ဖြစ်ပါတယ်နော်..။

ဒီကနေ့လေးကတော့ ပရိသတ်တွေရဲ့ အချစ်တော်လေး ဆူဇီရဲ့ မွေးနေ့ရက်လေးဖြစ်ပြီး အဆိုတော်ယုန်လေး၊ မြင့်မြတ်နဲ့ ကေညီတို့ သူငယ်ချင်းတွေကလည်း မွေးနေ့ Surprise လေး ပြုလုပ်ပေးခဲ့ကြတယ်လို့ သိရပါတယ်နော်..။


သူငယ်ချင်းတွေအတူ မွေးနေ့ Surprise လေး ပြုလုပ်ပေးခဲ့ကြပြီး မုန့်အတူစားကာ ပျော်ရွှင်ခဲ့ကြတဲ့ ပုံရိပ်လေးတွေကိုလည်း ယုန်လေးက ချစ်ပရိသတ်တွေကို အမှတ်တရပုံရိပ်လေေးတွနဲ့အတူ ပြန်လည်မျှဝေထားတာမို့ အားလုံးကို အပျော်လေးတွေ ကူးစက်စေပါတယ်နော်..။

“Suzie လေး ကို Surprise လုပ်မယ်ဆိုတော့

လိုက်မယ်တဲ့ နှစ်တိုင်းမပျက်ပါဘူး .

Family တွေ ဆုံပြီးစောက်ရမ်းပျော်တဲ့ည ဆူဇီမွေးနေ့ပေါ့ .

Happy Birthday Par ချစ်ဆုံးလေးရေ..” ဆိုပြီးတော့လည်း ယုန်လေးက မွေးနေ့ဆုတောင်းစကားလေးနဲ့အတူ ပြောပြထားပါသေးတယ်..။


အားလုံးကို အပျော်လေးတွေ ကူးစက်စေမယ့် သူတို့ သူငယ်ချင်းတစ်တွေရဲ့ ပျော်စရာစားသောက်ပွဲ ပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေ သဘောကျနေကြမှာပဲ ဖြစ်ပါတယ်နော်..။

ယုန်လေး၊ ကေညီနဲ့ မြင့်မြတ်တို့ ဇနီးမောင်နှံတို့အပြင် အခြား သူငယ်ချင်းတွေနဲ့လည်း အတူ ပျော်ပျော်ပါးပါးနဲ့ မွေးနေ့လေးကို စတင်ခဲ့တဲ့ ဆူဇီလေးရဲ့ မွေးနေ့ရက်လေးအတွက် မွေးနေ့ရှင်လေးကို ဆုတောင်းစကားလေးတွေလည်း ပြောပေးသွားပါဦးနော်..။

Photo - ယုန်လေး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။