သရုပ်ဆောင် မင်းသားချော စည်သူမောင်ကတော့ ဗီဒီယိုနဲ့ ရုပ်ရှင်ဇာတ်ကားတွေရိုက်ကူးပြီး အနုပညာအလုပ်တွေကို လုပ်ကိုင်ခဲ့သူ ဖြစ်ပါတယ်။ စည်သူမောင်က စိတ်သဘောထားကောင်းပြီး ပရိသတ်တွေအားလုံးအပေါ်မှာ ခင်မင်ရင်းနှီးစွာ ဆက်ဆံတတ်တာကြောင့် အားလုံးက ချစ်ခင်အားပေးနေရတာ ဖြစ်ပါတယ်။ ဒါ့အပြင် စည်သူမောင်က ပေါင်းသင်းဆက်ဆံရေးကောင်းပြီး မိဘအပေါ်မှာသိတတ်တဲ့သားလိမ္မာလေးလည်း ဖြစ်ပါတယ်။

အခုလည်း စည်သူမောင်က လုပ်ဖော်ကိုင်ဘက်တစ်ဦးဖြစ်သလို ညီမလေးလိုလည်း ချစ်ခင်ရတဲ့ ပန်းသော်တာအတွက် အမှတ်တရမွေးနေ့ဆုမွန်ကောင်းလေး တောင်းပေးထားပါတယ်။ စည်သူမောင်နဲ့ ပန်းသော်တာတို့နှစ်ယောက်က " Cele Chit Chat " ဆိုတဲ့ အစီအစဉ်လေးမှာ အတူတူတင်ဆက်ခဲ့ကြတဲ့ အနုပညာမောင်နှမတွေပဲ ဖြစ်ပါတယ်။ ဒီနေ့ဇူလိုင်လ ၉ ရက်နေ့ကတော့ ပန်းသော်တာရဲ့မွေးနေ့လေးဖြစ်တာကြောင့် စည်သူမောင်က အမှတ်တရပုံလေးနဲ့အတူ ဆုတောင်းစကားပြောထားတာ ဖြစ်ပါတယ်။

စည်သူမောင်က " Happy Birthday မိဘအပေါ်အရမ်းသိတတ်ပြီး ကျေးဇူးဆပ်ချင်တဲ့ သမီးလေး ..စိတ်ထားဖြူစင်တဲ့ ကောင်မလေး..အလုပ်ကြိုးစားတဲ့ ကောင်မလေး..ချစ်ဖို့ကောင်းတဲ့ ကောင်မလေး..အရမ်းချစ်တတ်တဲ့ ကောင်မလေး..ဒီအစ်ကို ချစ်သူရရင် သူ့ကို ဂရုမစိုက်တော့မှာစိုးလို့ ကြုံရင်ကြုံသလို ဆေးလိုက်ထိုးပြီး..ဒီအစ်ကို ဆိုးသမျှ သည်းခံတတ်တဲ့ ညီမလေး..ဘဝအတွက် စစ်မှန်တဲ့ ချစ်ခြင်းတွေနဲ့ ကိုယ့်အပေါ်အမြဲဂရုစိုက် အလိုလိုက် ပြီးပြည့်စုံတဲ့ ချစ်သူနဲ့ လက်တွဲနိုင်ပါစေ..ဘဝတလျှောက်လုံး အောင်မြင်မှုများစွာ ပိုင်ဆိုင်နိုင်ပြီး ပြည်သူချစ်သော အောင်မြင်သော အနုပညာရှင်ကောင်းတယောက်ဖြစ်ပါစေ..ပျော်ရွှင်ဖွယ်မွေးနေ့လေး ဖြစ်ပါစေ ပန်းပန်းလေး ..ချစ်တယ်နော်... ညီမလေး " ဆိုပြီး ဆုတောင်းပေးထားတာပဲ ဖြစ်ပါတယ်။

Source:Si Thu Maung & Pann Thaw Tar;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။