ဘရာဇီးလ်အသင်းဟာ ဆီမီးဖိုင်နယ်ပွဲစဉ်မှာတော့ အာဂျင်တီးနားအသင်းကို ၂ဂိုးပြတ်အနိုင်ယူပြီး ဖိုင်နယ်ကိုတက်ရောက်သွားနိုင်ခဲ့ပါတယ်။ပထမပိုင်းမှာ ဂျီးဆပ်က တစ်လုံးသွင်းယူခဲ့သလို ဖာမီနိုက ဒုတိယပိုင်းမှာ အနိုင်သေချာစေမယ့် ဒုတိယမြောက်သွင်းဂိုးတစ်ဂိုး သွင်းယူပေးခဲ့လို့ အာဂျင်တီးနားအသင်း ပြိုင်ပွဲက ရင်နာစွာနဲ့ လှည့်ပြန်လာခဲ့ရပါတယ်။

အာဂျင်တီးနားအတွက် ဆုဖလားတစ်လုံးယူပေးမယ်လို့ ကြုံးဝါးခဲ့ပြီးမှာ ပြိုင်ပွဲက ထွက်လာရလို့ မက်ဆီတစ်ယောက် ဒေါသထွက်နေခဲ့တာပဲ ဖြစ်ပြီး ကွင်းလယ်ဒိုင်တွေဟာ ဘရာဇီးအသင်းဘက်ကို ဘတ်လိုက်မှုတွေ ရှိတယ်လို့ စွပ်စွဲခဲ့တာပဲ ဖြစ်ပါတယ်။ မက်ဆီရဲ့ ပြောဆိုမှုကို ချန်ပီယံဖြစ်ခဲ့တဲ့ ဘရာဇီးအသင်းရဲ့ နည်းပြဖြစ်သူက အချက်ကျကျတုန့်ပြန်လိုက်ပါတယ်။

မက်ဆီအနေနဲ့ အရှုံးနဲ့ကြုံတွေ့ချိန်မှာ ပြိုင်ဘက်ကို လေးစားမှုရှိဖို့လိုတယ်လို့ ကိုပါအမေရိက ချန်ပီယံဖြစ်တဲ့ ဘရာဇီးနည်းပြ ထိထီက ပြောလိုက်ပါတယ်။မက်ဆီအနေနဲ့ ရှုံးနိမ့်မှု ကြုံတွေ့နေတဲ့အချိန်မှာ လေးစားမှုတွေ အများကြီးရှိဖို့ လိုအပ်ပြီး အရှုံးကိုလက်ခံဖို့လည်း လိုအပ်တယ်လို့ ဘရာဇီးနည်းပြက ဝေဖန်သွားပါတယ်။

source: daily mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။