သရုပ်ဆောင် မင်းသမီးချောလေး ရွှေပိုးအိမ်ကတော့ ဗီဒီယိုဇာတ်ကားလေးတွေ အများဆုံး ရိုက်ကူးခဲ့ရတဲ့ ပရိသတ်အချစ်တော် အနုပညာရှင်တစ်ဦး ဖြစ်ပါတယ်။ ရွှေပိုးအိမ်က မျက်နှာလေးက ချစ်စရာကောင်းသလို စွဲမက်ဖွယ်ကောင်းတဲ့ Body အချိုးအစားလေးနဲ့ ဘာဝတ်ဝတ် ပေါ်လွင်လှပနေတတ်တဲ့ မိန်းမလှလေးလည်း ဖြစ်ပါတယ်။ အထူးသဖြင့် အပြုံးချိုချိုလေးတွေနဲ့ ဖမ်းစားတတ်သူလေးမို့ သူမကိုချစ်ခင်နေသူတွေကလည်း တကယ့်ကို များပြားနေတာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ ရွှေပိုးအိမ်က သီချင်းဗီဒီယိုလေးတွေ လက်ခံရိုက်ကူးနေတယ်လို့ သိရပါတယ်။ အနုပညာလှုပ်ရှားမှုတွေကို ပရိသတ်တွေအတွက် အဆက်မပြတ် တင်ဆက်ပေးလေ့ရှိတဲ့ ရွှေပိုးအိမ်က အခုလည်း ပဟေဋ္ဌိဆန်ဆန် ပုံရိပ်လေးတွေကို တင်ထားတာ တွေ့ရပါတယ်။ ရွှေပိုးအိမ်က မိုးရေထဲမှာ အမျိုးသားတစ်ယောက်နဲ့ အတူတူထီးဆောင်းရင်း ပြုံးပျော်ရွှင်နေတဲ့ ပုံရိပ်လေးတွေကိုတင်ပြီး ပရိသတ်တွေကို ရင်ခုန်အောင်လုပ်လိုက်တာ ဖြစ်ပါတယ်။

ရွှေပိုးအိမ်က " ဘေးက ...ဘယ်သူလဲသိလား အဖြေမှန်ရင် kiss ပေးမယ် " ဆိုပြီး စိတ်ဝင်စားစရာကောင်းတဲ့ပုံလေးတွေကို မျှဝေထားတာ ဖြစ်ပါတယ်။ ထိုအမျိုးသားရဲ့မျက်နှာကို ဖော်ပြခြင်းမရှိတာကြောင့် ပရိသတ်တွေကတော့ အတော်လေးစိတ်ဝင်စားနေကြတာဖြစ်ပြီး MTV ရိုက်ကူးနေတာလို့လည်း သိရပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ရွှေပိုးအိမ်ရဲ့ ပဟေဋ္ဌိဆန်ဆန် ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Shwe Poe Eain;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။