လတ်တလော အမေရိကနိုင်ငံမှာဖျော်ဖြေမှုတွေဆက်တိုက်လုပ်နေတဲ့ အိမ့်ချစ်၊ ဂျူဝယ်နဲ့ ဇွဲပြည့်တို့သုံးယောက်အတူတူ " ရေစီးကြောင်းသံယောဇဉ် " ဆိုတဲ့ သီချင်းလေးကို စင်ပေါ်မှာဖျော်ဖြေနေတုန်း သုံးယောက်သားရဲ့ ရင်ထဲကခံစားချက်တွေနဲ့ တိုက်ဆိုင် သွားတာမို့ စင်ပေါ်မှာပဲ အတူတူငိုခဲ့ကြ တဲ့ Video လေးကို အိမ့်ချစ်က သူမရဲ့လူမှု ကွန်ယက်မှာဝေမျှလိုက်တာပဲဖြစ်ပါတယ်။ ငယ်စဉ်ကတည်းက မိသားစုဘဝကို အပြည့် အဝမရတဲ့ သူမအတွက်တော့ အနားမှာရှိတဲ့သူငယ်ချင်းမိတ်ဆွေကောင်းတွေဟာ သူမရဲ့မိသားစုလိုပါပဲ။

အတူတူခရီးအကြာကြီးသွားပြီး အချိန်တွေကုန်ဆုံး ဖျော်ဖြေမှုတွေလုပ်ပြီး တစ်ယောက်နဲ့ တစ်ယောက် ရင်ဖွင့်တိုင်ပင်ကြတဲ့အခါမှာ မိသားစုလို ရင်းနှီးနွေးထွေးတဲ့ခံစားချက် လေးတွေက ရင်ထဲမှာအပြည့်ဖြစ်လို့နေပါတယ်။ ဒီလိုအချိန်မှာ ယမကာလေးလည်း မှီဝဲထားပြီး သုံးယောက်အတူတူ စင်ပေါ်မှာ " ရေစီးကြောင်းသံယောဇဉ် " သီချင်းလေးကို သီဆိုရတော့ အိမ့်ချစ်တစ်ယောက် မျက်ရည်မဆည်နိုင်အောင်ကိုဖြစ်ခဲ့ရပါတယ်။ ဂျူဝယ် ကလည်း သူမကိုနှစ်သိမ့်ရင်း မျက်ရည်စို့လာတာ နောက်ပိုင်း ဇွဲပြည့်ကပါ အတူတူခံစား မိတဲ့အချိန်မှာတော့ တကယ့်ကိုမျက်ရည်ဝဲစရာ ကြည်နူးစရာမြင်ကွင်းလေးဖြစ်ခဲ့ပါတယ်။

ဒီလိုအမှတ်တရ Video လေးကို " အရက်ကလဲနည်းနည်းသောက်ထားတယ် စင်ပေါ် မတက်ခင်မှာခံစားချက်တွေကလဲရင်ဖွင့်ကြသေးတယ် ဒီဂီတလောကမှာဖြတ်သန်းရ တာပင်ပန်းတာတွေ ဘဝမှာ သူငယ်ချင်းကောင်းမရှိလို့အထီးကျန်တာတွေ အမေ တစ်ယောက်ထဲရဲ့မေတ္တာနဲ့ပဲ ရှင်သန်ခဲ့ရတာတွေ စင်ပေါ်မတက်ခင်ပြောကြရင်ဖွင့်ကြ ရင်းနဲ့ ခရီးစဉ်မှာတူတူသွားလာစားသောက်ကြ တစ်ယောက်နဲ့တစ်ယောက် ကူညီရိုင်း ပင်းကြ သူငယ်ချင်းတွေလိုမောင်နှမတွေလိုတူတူရှိခဲ့တာတွေ မမေ့ကြေးဆိုပြီးပြောရင်းနဲ့ စင်ပေါ်မှာဒီသီချင်းလေးတက်ဆိုတော့ ကို့မှာအသည်းနုသူမို့ငိုမိ သူတို့ကလဲငို အမှတ် တရပေါ့လေ " ဆိုပြီး အိမ့်ချစ်က ဝေမျှလိုက်တာပဲဖြစ်ပါတယ်။

Photo - Eint Chit

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။