ဂျုဗင်တပ်တိုက်စစ်မှူးရော်နယ်ဒိုကတော့လက်ရှိမှာကမ္ဘာ့အကောင်းဆုံးကစားသမားတွေထဲကတစ်ယောက်ဖြစ်သလိုပရိသတ်တိုင်းအားကျရတဲ့ ချစ်သူလေးကိုလည်းပိုင်ဆိုင်ထားတာပါ။ရော်နယ်ဒိုဟာကမ္ဘာကျော်ကစားသမားဖြစ်တာနဲ့တူတူ သူ့အနားမှာနေချင်တဲ့မိန်းကလေးတွေကလည်းတစ်ခဲနက်ပဲဖြစ်ပါတယ်။အဲ့ထဲကမှသူအတွက်အကောင်းဆုံးဆုံးလက်တွဲဖော်ကိုတော့ ဂျော်ရီနာကိုရွေးချယ်ခဲ့တာပါ။

ဂျော်ရီနာကတော့ကမ္ဘာကျော်မော်ဒယ်တစ်ယောက်ဖြစ်ပြီး ချောမောလှပတဲ့သူတစ်ယောက်ဖြစ်ပါတယ်။သူမကတော့ဒိုလေးရဲ့အကောင်းဆုံးလက်တွဲဖော်လို့တောင် ပရိသတ်တွေသတ်မှတ်ထားကြတာပါ။လက်ရှိအချိန်ထိ ရော်နယ်ဒိုအောင်မြင်နေရအောင်တစ်ထောင့်တစ်နေရာကနေ အကောင်းဆုံးပံ့ပိုးနိုင်တဲ့ချစ်သူလေးပဲဖြစ်ပါတယ်။သူမကတော့ရော်နယ်ဒိုရဲ့ ပွဲတွေ အရေးကြီးတဲ့ပြိုင်ပွဲတွေမှာ နောက်ကနေ အားပေးရင်းနဲ့ အမြဲရှိနေတာပါ။

နှစ်ယောက်သားခရီးတွေလည်းတူတူသွားလေ့ရှိပြီး သားသားမီးမီးတွေနဲ့ ပျော်ရွှင်စရာမိသားစုဘဝကိုလည်း ပိုင်ဆိုင်ထားတာပါ။ခုမှာလည်း ဒိုလေးအိပ်နေတာလေးကို ကြည့်ပြီး ကြည်နူးနေတာဖြစ်ပါတယ်။အဲ့ပုံရိပ်လေးကတော့ ရော်နယ်ဒို ကိုဘယ်လောက်ချစ်လဲဆိုတာကိုကြည့်နေရင်းနဲ့ပေါ်လွင်နေတာဖြစ်ပါတယ်။ပရိသတ်တွေလည်း အားကျလောက်အောင် ဘယ်လိုတွေကြည်နူးနေလဲဆိုတာကို တင်ဆက်ပေးလိုက်ကပါတယ်။

SOURCE:Georgina.Rodriguez

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။