တခါတရံမှာတော့ မိမိတို့နေထိုင်ရာ အိမ်မြေခြံဝန်းထဲကို ကြိုတင်မသိနိုင်တဲ့ ဘေးအန္တရယ်လေးတွေ ကြရောက်တတ်ကြပါတယ်။

လူမှုကွန်ယက်ပေါ်မှာဆိုရင်လည်း အိမ်ထဲကိုလူစိမ်းတွေဝင်လာတာမျိုးပဲဖြစ်ဖြစ် အန္တရယ်ရှိတဲ့ တောရိုင်းတရစ္ဆာန်တွေပဲဖြစ်ဖြစ် မထင်မှတ်ထားအပ်တဲ့ ဘေးအန္တရယ်မျိုးလေးတွေ ကြုံတွေ့ရတဲ့ မိသားစုတွေရဲ့ ဖြစ်ရပ်တွေဟာ မကြခနဆိုသလိုပျံနှံ့လာခဲ့တာတွေ့ရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက သြစတြေးလျနိုင်ငံအတွင်းမှာဆိုရင်လည်း အိမ်တအိမ်ရဲ့ မီးဖိုချောင်နားက ပြတင်းပေါက်ကို မြွေကြီးတစ်ကောင် တက်ရောက်ခဲ့တဲ့ ဖြစ်ရပ်လေးတစ်ခုဖြစ်ပေါ်ခဲ့ပါတယ်။

၎င်းမြွေကြီးဟာ အိမ်နောက်ဖေး မြက်ခင်းတွေနားကနေ မီးဖိုချောင်နားက ပြတင်းပေါက်ကိုတက်နေပုံက အတော်ဉာဏ်ကောင်းတဲ့ မြွေလို့ဆိုရလောက်အောင်ပင် သူတွယ်တက်ထားတဲ့ပုံက ပဉာသားပါနေခဲ့ပါတယ်။

ဒီအခိုက်အတန့်ကိုတော့ အိမ်မှာနေထိုင်တဲ့ အမျိုးသမီးတစ်ဦးက အချိန်မီတွေ့မြင်ခဲ့တာကြောင့် မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးပြီး လူမှုကွန်ယက်ပေါ် ပြန်လည် မျှဝေလာခဲ့တာပဲဖြစ်ပါတယ်။

အကယ်၍ ပြတင်းပေါက်သာဖွင့်ထားမိမယ်ဆိုရင် ဆာလောင်နေတဲ့ မြွေကြီးဟာ သူမတို့အိမ်ထဲဝင်ပြီး လူတွေကိုအန္တရယ်ပေးမလားမသိနိုင်ပေမယ့် သူမအနေနဲ့ မြင်မြင်ချင်းမှာတင် သက်ဆိုင်ရာကို အကြောင်းကြားခဲ့တာကြောင့် တာဝန်ရှိသူတွေက ၎င်းမြွေကြီးကို လာရောက်မောင်းထုတ်ပေးခဲ့ပါတယ်။

ဒီလိုဘေးအန္တရယ်တွေဆိုတာဟာ ယခုလိုမိုးတွင်းကာလမှာ ပိုမိုကြုံတွေ့နိုင်တဲ့ ဘေးအန္တရယ်တွေဖြစ်တာကြောင့် ပရိသတ်တွေပိုမို သတိထားနိုင်စေဖို့ ဒီသတင်းလေးကို ဖော်ပြပေးလိုက်ရပါတယ်။

SOURCE- DAILY MAIL

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။