ပရိသတ်ကြီးရေ တရုတ်နိုင်ငံအတွင်းမှာတော့ ပြီးခဲ့တဲ့ ရက်ပိုင်းက ကမ္ဘာ့နိုင်ငံအသီးသီးက လူတော်တော်များများကို လေးစားအားကျစေခဲ့တဲ့ အမျိုးသမီးကြီးတစ်ဦးပေါ်ထွက်လာခဲ့တယ်လို့သိရပါတယ်။

သူမရဲ့နာမည်ကတော့ ကောင်ဇန်လန်ဖြစ်ပြီး အသက် ၇၁ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ အဘွားအိုတစ်ဦးပဲဖြစ်ပါတယ်။

ဘာကြောင့် လေးစားအားကျရတာလဲဆိုရင်တော့ သူမနှစ်လေးဆယ်ကျော်လောက်ပြုလုပ်လာတဲ့အရာတခုကို အင်တာနက်သုံးစွဲသူတွေ သိရှိသွားခဲ့တဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။

သူမဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း လေးဆယ်လောက်က လမ်းပေါ်မှာနေ လမ်းပေါ်မှာစား လမ်းပေါ်မှာအိပ်တဲ့ ကလေးငယ်လေးတစ်ယောက်ကို ပွေ့ဖက်မိခဲ့ရာကနေ ၎င်းကလေးရဲ့ဘဝကို ကယ်တင်ဖို့ ဆုံးဖြတ်ခဲ့မိပါတယ်။

ဒါ့ကြောင့် သူမကိုယ်တိုင်ဟာ လူချမ်းသာတစ်ဦးမဟုတ်ပေမယ့်လည်း မိဘမဲ့ကလေးငယ်တွေကို ခေါ်ယူမွေးစားခဲ့ပြီး နေဖို့ထိုင်ဖို့ စားဖို့သောက်ဖို့ ၊ ပညာသင်ဖို့ အစစအရာရာ ထောက်ပံ့ပေးခဲ့ပြီး သူမရဲ့သားသမီးအရင်းနဲ့မခြား ကျွေးမွေးစောင့်ရှောက်ခဲ့ပါတယ်။

နှစ်လေးဆယ်အတွင်း သူမခေါ်ယူမွေးစား စောင့်ရှောက်ခဲ့တဲ့ မိဘမဲ့ကလေးငယ်အရေအတွက်ဟာဆိုရင်လည်း ၄၅ ယောက်လောက်ရှိခဲ့ပြီဖြစ်သလို တချို့ဆိုရင် ဆရာဝန်တွေ ၊ ရှေ့နေတွေတောင် ဖြစ်နေပြီလို့ သိရပါတယ်။

ကောင်ဇန်လန်အနေနဲ့ဆိုရင်လည်း တနေ့တနေ့ သူမရဲ့ကလေးတွေ စားဖို့သောက်ဖို့အတွက် အလုပ်တွေပင်ပင်ပန်းပန်းပြုလုပ်နေသလို ဒီကလေးတွေကို စောင့်ရှောက်ဖို့အတွက် တနေ့မှာ နှစ်နာရီလောက်သာ အိပ်စက်အနားယူတယ်လို့ သိရပါတယ်။

ကောင်ဇန်လန်ဟာ စက်ချုပ်တဲ့အလုပ်ကို လုပ်ကိုင်ပြီး ပိုက်ဆံရှာဖွေပေမယ့်လည်း လေးဆယ့်ငါးယောက်လုံးရဲ့စရိတ်ကို မလောက်နိုင်တဲ့အတွက် တခါတရံမှာ အမှိုက်ကောက်ပြီးတော့ပါ ဝင်ငွေရှာကာ သူမရဲ့မိဘမဲ့ကလေးတွေကို ပြုစုစောင့်ရှောက်တဲံ လေးစားစရာ အဘွားအိုကြီးတစ်ဦးပဲဖြစ်ပါတယ်။

သူမရဲ့ဒီလုပ်ရပ်ဟာ တရုတ်နိုင်ငံရဲ့ ဆိုရှယ်မီဒီယာပေါ်မှာ ပျံနှံ့လာတဲ့နောက်မှာတော့ တနိုင်လုံးက သူမကို သူတော်စင်ကြီးတစ်ယောက်လို့ ဝိုင်းဝန်းကောင်းချီးပေးခဲ့ကြပါတယ်။

ဒီအဘွားအိုရဲ့ လုပ်ရပ်လေးဟာ သာဓုခေါ်ဆိုချင်စရာကောင်းလွန်းတဲ့ လုပ်ရပ်တစ်ခုဖြစ်တယ်ဆိုတာ လက်ခံကြတယ်မဟုတ်လား ပရိသတ်ကြီးရေ။

SOURCE – Odditycentral

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။