တော်တော်ဆိုးတဲ့မိန်းကလေးတွေ လုံခြုံရေးပါမနိုင်လို့ ဘေးကလူတွေပါ ကူးဖမ်းပေးနေရတယ်…………..

ဒီဖြစ်ရပ်ကတော့ Chicago က Major League Baseball ပြိုင်ပွဲတစ်ခုမှာဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်တစ်ခုပဲဖြစ်ပါတယ်။

ဘာကြောင့် ခိုက်ရန်ဖြစ်ပွားသလဲဆိုတာကိုတော့ သေချာမသိရပေမယ့် အမျိုးသမီးပရိသတ်တွေရဲ့ ရန်ပွဲဟာ တော်တော်လေးကြည့်ရဆိုးခဲ့ပါတယ်။

လူမှုကွန်ယက်ပေါ်ပျံ့နှံ့လာတဲ့ ဗီဒီယိုထဲမှာဆိုရင်လည်း အမျိုးသမီးတွေဟာ တယောက်နဲ့တစ်ယောက် ဆံပင်တွေဆွဲလိုက်၊ ခြေထောက်တွေနဲ့ကန်လိုက် လက်နဲ့မှီရာ လှမ်းဆွဲလိုက် လှမ်းရိုက်လိုက်နဲ့ လုံခြုံရေးတွေတောင် ထိန်းမရလောက်အောင် အခြေအနေဆိုးရွားခဲ့တာတွေ့ရပါတယ်။

တချို့လူတွေကတော့ ဒီအခြေအနေကို ထိန်းဖို့ကြိုးစားခဲ့ကြပေမယ့် ကွင်းထဲမှာရှိတဲ့ တခြားသောလူတွေကတော့ ဝင်မဆွဲဘဲ အော်ဟစ်ကာ အားပေးအားမြှောက်လုပ်ခဲ့ကြတာကိုလည်း တွေ့ရပါတယ်။

ဒါ့ကြောင့်ရန်ပွဲဟာ မပြီးဆုံးဘဲ ဆက်လက်ဖြစ်နေတာကြောင့် လုံခြုံရေးတွေဟာ မတတ်နိုင်တဲ့အဆုံး ခိုက်ရန်ဖြစ်ပွားနေတဲ့ မိန်းကလေးတွေကို လက်ထိပ်ခတ်ပြီး ထိန်းသိမ်းခဲ့ရပါတယ်။

အဲ့အချိန်မှာတော့ ၎င်းမိန်းကလေးတွေဟာ ဘေးကလူတွေနဲ့ အားပေးအားမြှောက်သံနဲ့အတူ လုံခြုံရေးတွေကို ပြန်လည်တိုက်ခိုက်ခဲ့တာ တွေ့ရပါတယ်။

နောက်ဆုံးမှာတေ့ာ ထိန်းမရဖြစ်နေတဲ့ မိန်းကလေးနှစ်ဦးကို လုံခြုံရေးတွေက လူအင်အားနဲ့ လက်ထပ်ရအောင်ခတ်ပြီး ထိန်းသိမ်းခဲ့ရပါတယ်။

ဒီဖြစ်ရပ်အတွင်းမှာတော့ ဝိုင်းမဆွဲမကူညီဘဲ ဘေးကနေအားပေးအားမြှောက်လုပ်ခဲ့တဲ့ လုပ်ရပ်ကတော့ အင်မတန်စိတ်ပျက်စရာကောင်းလှတဲ့ လုပ်ရပ်တစ်ခုပါပဲ။

Source – Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။