အနုပညာရှင်တွေရဲ့ သားသားမီးမီးလေးတွေထဲမှာတော့ အဆိုတော် အာဘွိုင်းနဲ့ သရုပ်ဆောင် မြတ်ရတနာကျော်တို့ရဲ့သမီးလေး Scarlett Phyo Tun က အရမ်းကို လူချစ်လူခင်ပေါများတဲ့ ကလေးလေး ဖြစ်ပါတယ်။ Scarlett လေးက အာဘွိုင်းတို့ဇနီးမောင်နှံရဲ့ပထမဆုံးသမီးဦးလေးလည်း ဖြစ်ပါတယ်။ Scarlett လေးက မွေးကင်းစအရွယ်ကတည်းက ပန်းရောင်ပါးနုနုလေးတွေနဲ့ ချစ်ဖို့ကောင်းလွန်းတာကြောင့် မြင်သူတိုင်းက မချစ်ဘဲမနေနိုင်ဖြစ်နေရတာ ဖြစ်ပါတယ်။

မျက်လုံးဝိုင်းဝိုင်းလေးတွေ၊ ပါးဖောင်းဖောင်းလေးတွေကို ပိုင်ဆိုင်ထားတဲ့ Scarlett လေးကိုတော့ ဘိုမရုပ်လေးတစ်ရုပ်လို့တောင် အထင်မှားနေရတာ ဖြစ်ပါတယ်။ ဖေဖေနဲ့မေမေကလည်း အသားဖြူပြီး ရုပ်ရည်ချောမောတာကြောင့် သမီးလေးကလည်း ဖြူဖြူဥဥလေးနဲ့ ချစ်စရာကလေးလေးဖြစ်လို့နေတာ ဖြစ်ပါတယ်။ အခုလည်း Scarlett လေးက ဦးဦးဘန်နီဖြိုးပေးတဲ့ ယုန်အရုပ်လေးကိုကိုင်ပြီး သဘောကျနေတာ တွေ့ရပါတယ်။

Scarlett လေးက ဦးဦးဘန်နီရဲ့အရုပ်လေးကိုကိုင်ပြီး ချစ်မဝဖြစ်နေသလို မျက်လုံးအဝိုင်းသားလေးတွေနဲ့လည်း လိုက်ကြည့်နေတာ ဖြစ်ပါတယ်။ အနီရောင်ဂါဝန်လေးဝတ်ပြီး ဖဲပြားနီနီရဲရဲလေးတွေကို ခေါင်းမှာပန်ထားတဲ့ Scarlett လေးရဲ့ပုံစံက တကယ့်ကို အသည်းယားစရာကောင်းနေတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် အာဘွိုင်းသမီးလေးရဲ့ အရမ်းကို ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Kyaw Phyo Tun;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။