ဟွန်ဒူးရပ်စ်နိုင်ငံ၏ မြို့တော် Tegucigalpaတွင်ရှိသည့် အပြည်ပြည်ဆိုင်ရာလေဆိပ်သည် ကမ္ဘာပေါ်တွင် အန္တရာယ်အများဆုံးလေယာဉ်ကွင်းအဖြစ် နာမည်ဆိုးဖြင့် ကျော်ကြားပါတယ်။ ဒီလေယာဉ်ကွင်းတွင် ၂၀၀၈ ခုနှစ်က ဖြစ်ပွားခဲ့သည့် မတော်တဆ ဖြစ်ပွားမှုကြောင့် လေယာဉ်စီးခရီးသည် ငါးယောက် အသက်ဆုံးရှုံးခဲ့ရပြီး ဒီဖြစ်ရပ်အပါအဝင် အခြားသောမတော်တဆမှုများဖြစ်ပွားမှုသည် လေယာဉ် ကွင်းအားအသေးစိတ် စိစစ်ရန် အကြောင်းကိစ္စဖြစ်လာခဲ့ပါတယ်။

ဒီလေယာဉ်ကွင်းကို ၁၉၃၄ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ပြီးထိုစဉ်ကပျံသန်းသည့် လေယာဉ်များဟာ စွမ်းအားနည်းပါးသေးသောကြောင့် ရှည်လျားသောလေယာဉ်ပြေးလမ်းများမလိုအပ်သေးတဲ့ အချိန်ဖြစ်ခဲ့ပါတယ်။ ထို့ကြောင့် Toncontinလေယာဉ်ကွင်းတွေဟာ တောင်တန်းများဝန်းရံနေတဲ့ တောင်ကြားတစ်ခုအတွင်းတည်ရှိကာလေယာဉ်ပြေးလမ်းကိုပေ ၇၀၀၀ ကျော်သာဖောက်လုပ်ခဲ့ပြီး မယုံနိုင်ဖွယ်ရာ အန္တရာယ်အများဆုံး အခြေအနေတစ်ရပ်မှာToncontinလေယာဉ်ကွင်းတွင်

လေယာဉ်များအတွက် ဝင်လမ်းတစ်ခုနှင့် ထွက်လမ်းတစ်ခုသာရှိခြင်းဖြစ်ပါတယ်။ထို့ကြောင့် လေကြောင်းအန္တရာယ်များသည် သိသိသာသာတိုးတက် လျက်ရှိနေသော်လည်း ဘိုးရင်း ၇၅၇ ကဲ့သို့သောလေယာဉ်ကြီးများသည် Toncontinလေယာဉ်ကွင်း၌ နေ့စဉ် ဆင်းသက်နေကြရဆဲဖြစ်ပါတယ်။

Source : Original Uploader

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။