ပရိသတ်တွေရဲ့ အချစ်တွေကို အခိုင်အမာသိမ်းပိုက်ထားကြတဲ့ ပြည်သူ့အချစ်တော်တွေထဲမှာ အနုပညာလောကမှာ ထိပ်တန်းကနေ ရပ်တည်နေကြသူတွေကတော့ ထွန်းထွန်း၊ အောင်မြင့်မြတ်၊ ရဲရင့်အောင်၊ အိချောပိုနဲ့ မေမြင့်မိုရ်တို့ကလည်း အပါအဝင်ပါပဲ..။

အနုပညာလောကမှာ နယ်ပယ်အသီးသီးကနေ ရပ်တည်နေကြတဲ့ သူတို့ အနုပညာရှင်သူငယ်ချင်းတစ်စုကတော့ ပရိသတ်တွေကိုယ်စီနဲ့ အောင်မြင်နေကြသလို အခုတစ်ခါမှာလည်း ဇာတ်ကားတွေ အတူရိုက်ကူးနေကြတာ တွေ့ရပါတယ်နော်..။


“ခေါ်သံ” ရုပ်ရှင်ဇာတ်ကားကြီးမှာ အတူပါဝင်သရုပ်ဆောင်ကြမှာဖြစ်ပြီး ရုပ်ရှင်ကန်တော့ပွဲ အခမ်းအနားကိုတော့ ဒီကနေ့ ဇူလိုင်(၉)ရက်နေ့ မနက်ပိုင်းက ရွှေတိဂုံစေတီတော်ရှိ အောင်မြေမှာ ကျင်းပပြုလုပ်ခဲ့ပြီး စာနယ်ဇင်းမိတ်ဆက်ပွဲကိုတော့ M3 စားသောက်ဆိုင်မှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်နော်..။

ဇာတ်ကားစာနယ်ဇင်းမိတ်ဆက်ပွဲမှာလည်း အတူစုံတုန်း ကလေးတွေလို လွတ်လပ်ပေါ့ပါးပြီး ပျော်ခဲ့ကြတဲ့ အခွီဗီဒီယိုလေးကိုလည်း ချစ်ပရိသတ်တွေကိုလည်း ပြန်လည်မျှဝေပေးထားပါသေးတယ်နော်..။


ကလေးတွေလို ပျော်ရင်း အမှတ်တရဓာတ်ဖမ်းခဲ့ကြရင်း ချစ်စရာကောင်းနေကြတဲ့ အခွီဗီဒီယိုလေးတွေကိုလည်း အားလုံးက သဘောကျအချစ်ပိုနေကြမှာ သေချာပါတယ်နော်..။

အတူစုံတုန်း ကလေးတွေလို လွတ်လပ်ပေါ့ပါးစွာ ပျော်ရင်း ခွီခဲ့ကြတဲ့ အိချောပို၊ မေမြင့်မိုရ်နဲ့ ထွန်းထွန်း၊ အောင်မြင့်မြတ်နဲ့ ရဲရင့်အောင်တို့ရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း ချစ်ပရိသတ်တွေအတွက်လည်း ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Photo - အိချောပို

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။