ချစ်ပရိသတ်ကြီးရေ အကယ်ဒမီ သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ မင်းသားချော နေတိုးကတော့ ရုပ်ရည်ရူပါ ချောမောပြေပြစ်တဲ့အပြင် သရုပ်ဆောင်ပိုင်းမှာလည်း သူမတူအောင် ထူးချွန်သူတစ်ယောက် ဖြစ်ပါတယ် ။ ဗီဒီယို၊ရုပ်ရှင်ဇာတ်ကားနဲ့ ကြော်ငြာများစွာ ရိုက်ကူးအောင်မြင်ခဲ့တဲ့ နေတိုးက လက်ရှိမှာလည်း မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသားစာရင်းမှာ ထိပ်ဆုံးကရပ်တည်နေတာလည်း ဖြစ်ပါတယ်။ လက်ရှိမှာလည်း နေတိုးက ရုပ်ရှင်ဇာတ်ကားကြီးတွေကို မနားတမ်းရိုက်ကူးနေရပါတယ်။

နေတိုးကတော့ အနုပညာလောကမှာ ထိပ်တန်းကနေ အောင်မြင်မှုတွေအခိုင်အမာရရှိထားပြီး မိန်းကလေးပရိသတ်တွေအပြင် ယောင်္ကျားလေးပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကိုပါ အခိုင်အမာရရှိထားတဲ့ ပြည်သူချစ်မင်းသားတစ်ယောက်လည်းဖြစ်ပါတယ်။ အနုပညာမှာဘက်စုံတော်ရုံသာမကပဲ ပရိသတ်တွေအပေါ်ရင်းနှီးဖော်ရွေတတ်ပြီး တည်ကြည်ခန့်ညား ယောင်္ကျားပီသမှုတွေကြောင့်လည်း ပရိသတ်တွေအားလုံးက ချစ်ခင်အားပေးနေတာဆိုလည်း မမှားပါဘူးနော်။

နေတိုးကတော့ အနုပညာအလုပ်တွေ ဆက်တိုက်လုပ်ကိုင်နေသလို ခရီးတွေလည်းတောက်လျှောက်ထွက်နေတာဖြစ်ပါတယ်။လတ်တလောမှာတော့ ကြည့်မိသူတိုင်းရီမောပျော်ရွှင်သွားရလောက်တဲ့ အပြင်ဆင်တွေနဲ့ ကြော်ငြာ ရိုက်ကွင်းက ဗီဒီယိုလေးကို ဖေ့ဘွတ်စာမျက်နှာပေါ်တွင်ဖော်ပြထားတာတွေ့ရပါတယ်။ဗီဒီယိုလေးထဲမှုာ တကယ်ကိုခန့်ညားပြီး နေတိုးတစ်ယောက် အရမ်းချစ်ဖို့ကောင်းနေတာလည်းဖြစ်တာကြောင့် ပရိသတ်ကြီးတွက် မျှဝေပေးလိုက်ပါတယ်။

Source:Nyar Na

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။