Beauty Blogger လောကမှာသာမက အနုပညာလောကမှာပါ တလက်လက်နဲ့ထွန်းတောက်နေတဲ့ကြယ်ပွင့်လေးကတော့ နေခြည်ဦးပဲ ဖြစ်ပါတယ်။ သူမရဲ့ချစ်စရာကောင်းတဲ့အမူအကျင့်လေးတွေနဲ့ပွင့်လင်းရိုးသားတဲ့စိတ်ထားလေးကြောင့် လူတိုင်းကချစ်ခင်အားပေးကြတာပါ။ ဒါ့အပြင် သူမရဲ့အချစ်ရေးဟာလည်း လူတိုင်းအားကျရလောက်အောင်ကို ကြည်နူးပျော်ရွှင်စရာကောင်းတာပါ။

ပရိသတ်တွေ အားကျနေရတဲ့ အတွဲလေးကတော့ နေခြည်ဦးတို့အတွဲလေးပဲ ဖြစ်ပါတယ်။ သူတို့အတွဲလေးဟာ ခရီးတွေလည်းမကြာခဏထွက်လေ့ရှိပြီး သူတို့ရဲ့ချစ်ခရီးလမ်းလေးဟာလည်း အမြဲတမ်းကြည်နူးစရာလေး ဖြစ်နေတာပါ။ သူတို့နှစ်ယောက်ကတော့တစ်ယောက်ကိုတစ်ယောက်ဂရုစိုက်ချစ်နေကြတဲ့ကြည်နူးဖွယ်ပုံရိပ်တွေကြောင့် ပရိသတ်တွေအားကျပြီးချစ်နေရတာလည်း ဖြစ်ပါတယ်။ 

တစ်ယောက်နဲ့တစ်ယောက်နဲ့လည်း အရမ်းကိုချစ်တတ်လွန်းကြတဲ့ အတွဲလေးကတော့ အခုတစ်ခေါက်မှာလည်း နေ့လည်စာစားသောက်နေတဲ့ဗီဒီယိုလေးကို ချီချီရဲ့ instagram myday လေးကို ဝေမျှလိုက်တာပဲဖြစ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် စနောက်နေကြရင်းနဲ့ပျော်ရွှင်စရာကောင်းတဲ့ အချိန်လေးတွေကိုလည်း ဖြတ်သန်းကုန်ဆုံးနေတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးအတွက် ချီချီတို့အတွဲလေးရဲ့ဗီဒီယိုလေးကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source - Nay Chi Oo 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။