ပရိသတ်ကြီးရေ အဆိုတော်အာဘွိုင်းရဲ့ဇနီးချောလေးဖြစ်တဲ့ မြတ်ရတနာကျော်ကတော့ ရှမ်းတိုင်းရင်းသူလေးတစ်ယောက်ဖြစ်ပြီး MTVသီချင်းတစ်ပုဒ်မှာပါဝင်သရုပ်ဆောင်ရင်း ပရိသတ်တွေက သတိထားမိလာခဲ့တာဖြစ်ပါတယ်။မြတ်ရတနာကျော်ကတော့ အဆိုတော်အာဘွိုင်းနဲ့နှစ်ကိုယ်တူဘဝလေးကိုတည်ဆောက်လိုက်ပြီး အခုဆိုရင် ချစ်စရာသမီးလေးတစ်ယောက်ကိုတောင်မွေးဖွားထားပြီးပြီဖြစ်ပါတယ်။

Scarlett လေးကလည်း မေမေ ဖေဖေရဲ့ အချောအလှတွေအကုန်စုပြုံနေတာကြောင့် ပါးလေးဖောင်းဖောင်း မျက်လုံးလှလှလေးနဲ့ အရမ်းချစ်စရာကောင်းတဲ့ကလေးလေးဖြစ်ပါတယ်။အာဘွိုင်းကလည်း ချစ်ဇနီးလေးကို အရမ်းချစ်ပြီးအလိုလိုက်အကြိုက်ဆောင်ကာ ကြင်နာယုယပေးတဲ့ ခင်ပွန်းတစ်ယောက်ဖြစ်တဲ့အပြင် သမီးတွေအပေါ်မှာလည်း ဖခင်ကောင်းတစ်ယောက်ပီသပါတယ်နော်။

မြတ်ရတနာကျော်ကတော့ သမီးတစ်ယောက်မွေးဖွားထားပြီး အိမ်ထောင်ရှင်အမျိုးသမီးတစ်ယောက်ဖြစ်ပေမယ့် အပျိုရှုံးလောက်အောင်လှပသူတစ်ယောက်ဖြစ်တဲ့အပြင် သူမရဲ့ဖြူဖွေးနုနယ်နေတဲ့အသားအရည်လေးက ထိရက်စရာမရှိအောင်လှပပါတယ်နော်။မြင်သူတကာအားကျရမယ့် အလှတရားစစ်စစ်တွေကို ပိုင်ဆိုင်ထားတဲ့ မြတ်ရတနာကျော်ရဲ့အလှပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။

Source:Myat Yadanar Kyaw

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။